Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့နယ်ရှိ​ကျေးရွာအားလုံးနီးပါး၏ တရားဥပ​ဒေစိုးမိုး​ရေးကို NUG၏ ပြည်သူ့ရဲတပ်ဖွဲ့က​ဆောင်ရွက်​နေဟုတာဝန်ရှိသူ​ပြော

ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)ကမြို့နယ်အတွင်းတရားဥပ​ဒေစိုးမိုး​ရေးအတွက်ကိုင်တွယ်ထားသည့်အမှုများအနက်သုံးပုံနှစ်ပုံခန့်သည် မူးယစ်ဆေးဝါးအမှုဖြစ်​နေပြီး ခိုးမှုများလည်း ပါဝင်သည်ဟုအထက်ပါပုဂ္ဂိုလ်က​​ပြောသည်။

(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများကိုဖျက်ဆီး​နေ​သောက​လေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(​တောင်ပိုင်း)မှရဲတပ်ဖွဲ့ဝင်အချို့ နှင့် မြို့နယ်တွင်းတရားဥပ​ဒေစိုးမိုး​ရေး​ဆောင်ရွက်​နေ​သောရဲတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KTP)
(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများကိုဖျက်ဆီး​နေ​သောက​လေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(​တောင်ပိုင်း)မှရဲတပ်ဖွဲ့ဝင်အချို့ နှင့် မြို့နယ်တွင်းတရားဥပ​ဒေစိုးမိုး​ရေး​ဆောင်ရွက်​နေ​သောရဲတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KTP)

ကလေးမြို့နယ်တွင်း တရာဥပဒေစိုးမိုးရေးအတွက်ဒေသခံပြည်သူများ၏ယုံကြည်အားကိုးမှုကိုရရှိထားပြီးမြို့ပေါ်ရပ်ကွက်များမှလွဲ၍ ကျေးရွာအားလုံးနီးပါးတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်​ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကပြောသည်။

“တရားဥပဒေစိုးမိုးရေးအတွက် လူထုက ကျွန်တော်တို့ကို ယုံကြည်အားကိုးကြတယ်။ အခုဆိုရင် တိုင်ထားတာ အမှု ၁၀၀လောက်ရှိပါပြီ။ ၇၀ လောက်ကတရားရုံးရောက်သွားပြီ။ထောင်မှာတောင်အကျဉ်းသားတော်တော်များများနေပြီ” ဟုကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံက People’s Spring သတင်းဌာနသို့ပြောသည်။

ကလေးမြို့နယ်အတွင်ကျေးရွာပေါင်း၁၅၈ရွာရှိသည့်အနက်ကျေးရွာပေါင်း ၁၄၀ ခန့်အားမြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)နှင့်အုပ်ချုပ်ရေးဖွဲ့ (ပအဖ)တို့ကထိန်းချုပ်ထားသည်ဟုကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကဆိုသည်။ထို့အပြင် မြို့ပေါ်ရပ်ကွက် ၂၀ အနက် ငါးရပ်ကွက်တွင် စိမ့်ဝင်စိုးမိုးထားသည်ဟုလည်းဆိုသည်။

(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများကိုဖျက်ဆီး​နေ​သောက​လေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(​တောင်ပိုင်း)မှရဲတပ်ဖွဲ့ဝင်အချို့ နှင့် မြို့နယ်တွင်းတရားဥပ​ဒေစိုးမိုး​ရေး​ဆောင်ရွက်​နေ​သောရဲတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KTP)
(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများကိုဖျက်ဆီး​နေ​သောက​လေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(​တောင်ပိုင်း)မှရဲတပ်ဖွဲ့ဝင်အချို့ နှင့် မြို့နယ်တွင်းတရားဥပ​ဒေစိုးမိုး​ရေး​ဆောင်ရွက်​နေ​သောရဲတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KTP)

ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)ကမြို့နယ်အတွင်းတရားဥပ​ဒေစိုးမိုး​ရေးအတွက်ကိုင်တွယ်ထားသည့်အမှုများအနက်သုံးပုံနှစ်ပုံခန့်သည် မူးယစ်ဆေးဝါးအမှုဖြစ်​နေပြီး ခိုးမှုများလည်း ပါဝင်သည်ဟုအထက်ပါပုဂ္ဂိုလ်က​​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီကိုအာဏာဖီဆန်ပြီး CDM လုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား စုစည်းပြီး ပြည်သူ့ရဲတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၂ ခုနှစ် ဇွန်လ ၇ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ တော်လှန်ရေးအားကောင်းသည့်ဒေသများ၌ စတင်ဖွဲ့စည်းခဲ့ပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို လုပ်ကိုင်​နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊လူအခွင့်အရေး ချိုးဖောက်မှုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒုစရိုက်မှုများကို တားဆီးနှိမ်နင်းရန် ပြည်သူ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook