Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFကမိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီတပ်သည် မြိုကြီးကုန်းကျေးရွာနေ ၁၄ နှစ်အရွယ်က​လေးငယ်၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြိုလှကျေးရွာသို့တပ်ဆုတ်ကာတပ်စွဲထားသည်ဟုကလေးPDFကအသိ​ပေးထားသည်။

(က​လေး PDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-PDFက​လေး)

ကလေးမြို့၊ တောင်သာရပ်ကွက်မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းက​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ကလေးမြို့တောင်သာရပ်ကွက်မှ စစ်ကြောင်းထိုးလာပြီး စက္ကန့်ကျေးရွာတွင် ညအိပ်ရပ်နားပြီး သုံးအိမ်စုကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“မနေ့(ဒီဇင်ဘာ ၁၈)ကတည်းကစစ်ကြောင်းထိုးနေတာအခုလည်းမလှမ်းမကမ်းမှ စခန်းချထားတာမို့ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်”ဟုအထက်ပါတာဝန်ရှိသူကပြောသည်။

မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိနိုင်င်သော်လည်း အတည်ပြုနိူင်ခြင်း မရှိသေးဟု ဆိုသည်။ မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်မှုကြောင့် နဂါးပွတ်ကျေးရွာမှအဘွားအိုတစ်ဦးထိခိုက်ခဲ့ပြီး၊နွားတစ်ကောင်နှင့်ဆိုင်ကယ်၃စီးပျက်စီးခဲ့ရသည်ဟုကလေးPDFကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မြိုကြီးကုန်းကျေးရွာနေ ၁၄ နှစ်အရွယ်က​လေးငယ်၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြိုလှကျေးရွာသို့တပ်ဆုတ်ကာတပ်စွဲထားသည်ဟုကလေးPDFကအသိ​ပေးထားသည်။

“စစ်ကောင်စီတပ် စစ်ကြောင်းချီလာရင် ပြည်သူတွေကိုရှောင်ရှားစေချင်တယ်။ သူတို့က ပြည်သူလူထုကို ဓားစာခံဖမ်းဆီးတတ်လို့”ဟု ကလေးPDF တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီ တပ်ဖွဲများ၏စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်နှင့် တပ်စွဲရာ နေရာများအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ကြိုတင်ရှောင်ရှားထားရန် မေတ္တာရပ်ခံကြောင်းနှင့် ကြိုတင်ရှောင်ရှားခြင်းမရှိပါက ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်များနှင့် နောက်ဆက်တွဲအကျိုးဆက်များကိုသတိပြုစေလိုသည်ဟုက​လေးPDFကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။