Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကို မီးစာဖြည့်ပေးနေတဲ့ အမေရိကန်က စစ်ပွဲနဲ့ ပတ်သက်လို့ တရုတ်ကို အပြစ်တင်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ် အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး မူဝါဒသစ် စာတမ်းကို ထုတ်ပြန်ချိန် ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်က အခုလို ပြောဆိုခဲ့တာပါ။

စစ်ပွဲကို မီးစာဖြည့်ပေးနေတဲ့ အမေရိကန်က စစ်ပွဲနဲ့ ပတ်သက်လို့ တရုတ်ကို အပြစ်တင်နေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးပြော
စစ်ပွဲကို မီးစာဖြည့်ပေးနေတဲ့ အမေရိကန်က စစ်ပွဲနဲ့ ပတ်သက်လို့ တရုတ်ကို အပြစ်တင်နေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးပြော

ယူကရိန်း စစ်ပွဲမှာ လောင်စာဖြည့်ပေးနေတဲ့ နိုင်ငံမျိုးက စစ်ပွဲနဲ့ ပတ်သက်လို့ တရုတ်ကို အပြစ်ဖွဲ့ချင်တာမျိုးကို လုံးဝ လက်မခံနိုင်ကြောင်း အမေရိကန်ကို ရည်ရွယ်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးသစ်က ပြောကြားလိုက်ပါတယ်။

တရုတ် အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး မူဝါဒသစ် စာတမ်းကို ထုတ်ပြန်ချိန် ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်က အခုလို ပြောဆိုခဲ့တာပါ။ ချင်ဟာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလကမှ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ရာထူးမှာ ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး တရုတ် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒပိုင်းမှာ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဝမ်ယိပြီးရင် လုပ်ပိုင်ခွင့် အကြီးမားဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ် ခံထားရပါတယ်။

အစောပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တရုတ် အစိုးရဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် စစ်လက်နက်တွေ ထောက်ပံ့ ကူညီလာနိုင်ကြောင်း စွပ်စွဲ ပြောဆိုခဲ့တာကို ချင်က တုံ့ပြန်ခဲ့တာပါ။ ဘလင်ကန်က တရုတ်ရဲ့ ပုဂ္ဂလိက ကုမ္ပဏီ တချို့ဟာ ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားကို လက်နက် မဟုတ်တဲ့ အကူအညီတွေ အလုံးအရင်း တင်ပို့နေနှင့်ပြီး ဖြစ်ကြောင်း၊ အဲဒီကနေ တစ်ဆင့်တက်ပြီး စစ်လက်နက်တွေပါ ပို့ဆောင်လာနိုင်ကြောင်း၊ တရုတ်မှာ ပုဂ္ဂလိက ကုမ္ပဏီတွေဆိုတာ အစိုးရ မူဝါဒနဲ့ မကင်းနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘလင်ကန်ကို တိုက်ရိုက် ရည်ညွှန်းတာမျိုး မဟုတ်ပေမယ့် ချင်က ယူကရိန်း ပဋိပက္ခ စတင်ကတည်းက အဲဒီ အရေးကိစ္စနဲ့ ပတ်သက်ရင် တရုတ်ဟာ အပြုသဘောဆောင်ပြီး ဘက်မလိုက်တဲ့ မူဝါဒမျိုးကို အစဉ်တစိုက် ကိုင်ဆွဲခဲ့ကြောင်း၊ တချို့ နိုင်ငံတွေ အနေနဲ့ စစ်ပွဲကို မီးစာထည့်ပြီး အရှိန်မြှင့်ပေးနေရင်း တရုတ်ကို လှမ်းအပြစ်တင်တဲ့ ကိစ္စမျိုးတွေ ရပ်တန်းက ရပ်စေလိုကြောင်း၊ ဒီနေ့မှာ ယူကရိန်း ပြဿနာကို မီးမွှေးပြီးရင် နောက်နေ့မှာ ထိုင်ဝမ် ကိစ္စဖက် ဦးလှည့်လာနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ အမေရိကန်က စစ်ပွဲမှာ ယူကရိန်းအတွက် စစ်လက်နက်တွေ အလုံးအရင်း ထောက်ပံ့ပေးနေတာကို ရည်ညွှန်းဟန် ရှိပါတယ်။ အခုသီတင်းပတ် အစောပိုင်းမှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကိုယ်တိုင် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို သွားရောက်ခဲ့သလို ယူကရိန်းအတွက် ဒေါ်လာ သန်း ၅၀၀ လောက် တန်ဖိုးရှိတဲ့ ခဲယမ်းမီးကျောက်တွေ ဖြည့်တင်း ပို့ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။ အမေရိကန်ဟာ စစ်ပွဲ စတင်ချိန် ကတည်းက ယူကရိန်းအတွက် ဒေါ်လာ ၃၀ ဘီလီယံလောက်ထိ ထောက်ပံ့ပေးခဲ့ပြီးပါပြီ။

တရုတ်နဲ့ အမေရိကန်တို့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဆက်ဆံရေး သိသိသာသာ တင်းမာလာခဲ့သလို ထိုင်ဝမ် အရေးမှာ တင်းမာမှုတွေ ပိုမြင့်တက်လာအောင် အမေရိကန်က သွေးထိုးပေးနေကြောင်းလည်း တရုတ် အစိုးရက စွပ်စွဲထားပါတယ်။ ထိုင်ဝမ်ဟာ ကိုယ်ပိုင် ဒီမိုကရေစီ စနစ်နဲ့ သီးခြားရပ်တည်တဲ့ နိုင်ငံတစ်ခု ဖြစ်ပေမယ့် တရုတ်ကတော့ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အမေရိကန်က ထိုင်ဝမ်ရဲ့ သီးခြားရပ်တည်မှုကို အသိအမှတ်ပြုတဲ့ အရိပ်အယောင်မျိုးတွေ ပြသနေခြင်းက တရုတ်အတွက် အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်လာစေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။