Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ ကညနနှင့် လဝကရုံးရှိ စစ်ကောင်စီတပ်တိုက်ခို​က်ရာ နှစ်ဦးသေဟုဆို

ဖေဖော်ဝါရီ ၂၁ ရက် ည၈နာရီခန့်က မုံရွာမြို့၊အမြင့်လမ်းထိပ် လဝကရုံးအဟောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်အား (၄၀) မမလက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့က အသိပေးသည်။

မုံရွာမြို့ရှိ လဝကရုံးအား မြင်တွေ့ရစဉ်၊(ပုံအဟောင်း အသုံးပြုထားပါသည်)
မုံရွာမြို့ရှိ လဝကရုံးအား မြင်တွေ့ရစဉ်၊(ပုံအဟောင်း အသုံးပြုထားပါသည်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)နှင့် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၁ ရက် ည၈နာရီခန့်က မုံရွာမြို့၊အမြင့်လမ်းထိပ် လဝကရုံးအဟောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်အား (၄၀) မမလက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့က အသိပေးသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ရက်) နံနက် ၄နာရီခန့်တွင်လည်း မုံရွာမြို့အဝင် ​ကားကြီးကွင်းနှင့်မျက်နှာချင်းဆိုင် ကညနရုံးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များအား (၄၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့ကဆိုသည်။

လဝကရုံးရှိ စစ်ကောင်စီတပ်များ ထိခိုက်မှုမရှိသော်လည်း ကညနရုံးရှိ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်များ၊ (၄၀) မမ၊ (၆၀) မမတို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များထိခိုက်မှုမရှိကြောင်း သိရသည်။

“လဝကမှာကတော့ ထိခိုက်မှုမရှိခဲ့ပါဘူးဗျ။ ကညနကိုက ဒီကောင်တွေမနက်ပိုင်း လူလဲပြီးကင်းပတ်တဲ့အချိန် ၄နာရီလောက်မှာ ပစ်ခတ်ခဲ့တာပါ”ဟု Golden Eagle Force-Monywa-V2 အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Golden Eagle Force-Monywa-V2 နှင့်အတူ Springs Dove၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊၊ သေမင်းတမန် ပြောက်ကြားအဖွဲ့၊ 5/UG Task Force(မြေအောက်တော်လှန်ရေးအဖွဲ့)တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ၂၁ ရက်ကလည်း မုံရွာမြို့၊ ကျောက္ကာလမ်း၊ ဇလုပ်အဝိုင်းပတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးထိမှန်ခဲ့ကြောင်း မုံရွာနတ်ဆိုးအထူးကွန်မန်ဒိုအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။