Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ ကျောက္ကာလမ်းရှိ စစ်ကောင်စီစစ်ဆေးရေးအဖွဲ့ကို PDF များဝင်ပစ်

ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်​လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအား PDF အဖွဲ့များက သုတ်သင်ရှင်းလင်းခဲ့ဖူးသည်။

မုံရွာကျောက္ကာလမ်းပေါ်က စစ်ကောင်စီတပ်များ အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ(ပုံဟောင်း)
မုံရွာကျောက္ကာလမ်းပေါ်က စစ်ကောင်စီတပ်များ အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ(ပုံဟောင်း)

▪️ပုသိမ်ကြီးတွင် ဆင်ရွာကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို PDF ပူးပေါင်းအဖွဲ့ ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကျောက္ကာလမ်း၊ ဇလုပ်အဝိုင်းပတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး ထိမှန်ခဲ့ကြောင်း မုံရွာနတ်ဆိုး အထူးကွန်မန်ဒိုအဖွဲ့က သတင်းထုတ်ပြန်သည်။

မုံရွာမြို့ ကျောက္ကာလမ်း၊ ဇလုပ်အဝိုင်းပတ်တွင် ကားဆိုင်ကယ်များအား ငွေတောင်းခံနေသည့် စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ကို ယနေ့ ​(ဖေဖော်ဝါရီ ၂၁ ရက်)တွင် PDF အဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာနတ်ဆိုး အထူးကွန်မန်ဒိုအဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မုံရွာနတ်ဆိုးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို မုံရွာနတ်ဆိုး အထူးကွန်မန်ဒိုအဖွဲ့ ၊ နတ်ဆိုးတပ်ရင်း တပ်ခွဲ(၃) ကနောင်မင်းသားကြီး၊ နတ်ဆိုးတပ်ရင်း တပ်ခွဲ(၄) နောင်ရိုးတပ်ခွဲနှင့် ​မုံရွာမြို့နယ်(ပလဖ)အဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဇလုပ်အဝိုင်းပတ်မှာ စကစတွေက အရပ်ဝတ်တွေနဲ့ ဆက်ကြေး လုနေတာ။ အရပ်ဝတ်၆ ယောက်ရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်ကလည်း မုံရွာမြို့နယ် ကျောက်ကြီးတောင်နှင့် ဗောဓိတစ်ထောင်တောင်ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းနှစ်ခုကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင်အမှတ်(၁)တပ်ရင်း၊ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ဆင်ရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှုးရုံးကို PDF ပူးပေါင်းအဖွဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး တစ်ဦးသေဆုံးပြီး သေနတ်တစ်လတ်နှင့်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုက ထုတ်ပြန်သည်။

ယနေ့ (ဖေဖော်ဝါရီ၂၁ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က PDF တပ်ဖွဲ့ဝင်များသည် ဆင်ရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအား (၄၀)မမ ဗုံးသီးဖြင့်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း ကောင်းကင် တော်လှန်ရေးအင်အားစုက အသိပေးသည်။

သေဆုံးသူမှာပျူစောထီး သိန်းရွှေဆိုသူဖြစ်ပြီး ပျူစောထီး မောင်ပြား ၊ကျော်ရဲထွန်း၊ ခင်ဝေတို့လည်း ပြင်းထန်ဒဏ်ရာရရှိကာ အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုကဆိုသည်။

ထို့အပြင် သေဆုံးသူ သိန်းရွှေ ကိုင်ဆောင်သော ကာဘိုင်သေနတ် တစ်လက်၊ ကျည်ဆန် ၁၇ တောင့်၊ကျည်ဘောက်သုံးခု သိမ်းဆည်းရရှိကြောင်း ကောင်းကင် တော်လှန်ရေးအင်အားစုက ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးအား ကောင်းကင်တော်လှန်ရေး အင်အားစု တပ်ဖွဲ့၊ ပြင်ဦးလွင် ခရိုင်(ပ. က. ဖ)၊ နတ်ဆိုးမြေအောက် တော်လှန်ရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် တပ်ဖွဲ့၊ ပြင်ဦးလွင် ခရိုင် (ပ. က. ဖ) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိကြောင်း အသိပေးသည်။

“အဲသတင်းကကြားတယ်။ မနက်ကရုံးထဲဝင်ပစ်သွားတာ။”ဟု နယ်ခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ကောင်းကင် တော်လှန်ရေး အင်အားစုတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်​လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအား PDF အဖွဲ့များက သုတ်သင်ရှင်းလင်းခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။

သတင်း

ရွှေကျင်တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ယနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Facebook