Connect with us

Hi, what are you looking for?

သတင်း

KNU ထားဝယ်ခရိုင်၌ KNLAနှင့် KTLA တိုက်ပွဲဆက်ဖြစ်

KTLA တပ်သည် KNU တပ်မဟာ(၆)နယ်မြေတွင်လည်း လှုပ်ရှားမှုရှိသော်လည်း တပ်မဟာ(၄) နယ်မြေ၌ သာ တိုက်ပွဲဖြစ်ပွားမှုရှိသည်။

KNLA တပ်သားတစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNLA တပ်သားတစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️KTLAတပ်နေရာအချို့အား KNLA တပ်မဟာ (၄) သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄)နယ်မြေ ထားဝယ်ခရိုင်၌ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် KNU မှ ထုတ်ပယ်ထားသည့် ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်ခံ ကော်သူးလေအာမီ(KTLA)တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး KTLA တပ်စခန်း နေရာအချို့ကို KNLAက ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဒေသ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့်ရှိပြီဟု ၎င်းက ဆိုသည်။

“အဲဒီဘက်မှာ သူတို့ KTLA နေရာကို တစ်ခုချင်းတစ်ခုချင်းတက်ရှင်းနေတာပေါ့။ရှင်းတယ် ဆိုတာက မနေ့ကပြောတာတော့ ၂နေရာပဲ။ ဒါပေမဲ့ သိမ်းတယ်ဆိုတာက သူများဖယ်ပေးတာပဲ ။ မပစ်လို့ပေါ့ ပစ်လို့ရှိရင် ပစ်ခတ်မှုတော့ရှိမယ်” ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကရင်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေခြင်းမျိုး မဖြစ်သင့်ကြောင်း၊ စစ်အာဏာရှင် ဖြုတ်ချရေးကို အဓိကလုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒါကတော့ ကိုယ့်ကရင်အဖွဲ့အစည်းအချင်းချင်းပဲ ဒါမျိုးက မလိုလားအပ်တဲ့ကိစ္စပဲ ဘယ်ကောင်းမလဲ။ ကိုယ့်အချင်းချင်းပြဿနာနောက်မှရှင်းပေါ့”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

KTLA တပ်သည် KNU တပ်မဟာ(၆)နယ်မြေတွင်လည်း လှုပ်ရှားမှုရှိသော်လည်း တပ်မဟာ(၄) နယ်မြေ၌ သာ တိုက်ပွဲဖြစ်ပွားမှုရှိသည်။

Public Service Announcement
Public Service Announcement

“တပ်မဟာ(၆)တို့ဆိုရင် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံရှိတာပဲ။ BGFလည်းရှိတယ် DKBAလည်းရှိတယ် နောက် PCလည်းရှိတယ် KTLA လည်းရှိတာပဲ အကုန်လုံး ထိန်းလို့ရတာပဲ။ ဘိတ်-ထားဝယ်က တစ်ဖွဲ့ပဲရှိတာ သူတို့ ညှိလို့မရတာ”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

Salween Press ၏ သတင်းဖော်ပြချက်တွင် KNU တပ်မဟာ(၄)နယ်မြေ ထီးမိုပွာဒေသရှိ ခေမခီးဆိုသည့်နေရာ၌ တိုက်ပွဲဖြစ်ပွားရာ KTLA တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး KNU တပ်မဟာ(၄) မှ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီအတွင်းက KTLA မှ ဗိုလ်စောအယ်ခွီး ခေါ် ဗိုလ်ကော်လာဖိုးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် တပ်မဟာ(၄)မှ မြို့နယ် ကော်မတီဝင်တစ်ဦးနှင့် ဒုတပ်ရင်းမှူးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း KNU ဘက်က ပြောဆိုထားသည်။

ဗိုလ်မှူးချုပ်နယ်ဒါးမြသည် ယခင်က KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ်ဖြစ်သော်လည်း ဝေါ်လေဒေသရှိတံတားလုပ်ငန်းခွင်မှ အရပ်သားများသေဆုံးမှု ဖြစ်စဉ်၌ KNU၏ စုံစမ်းစစ်ဆေးမှုကို လက်မခံခြင်း၊ KTLA ဖွဲ့စည်းခြင်းတို့ကြောင့် အဖွဲ့မှ ထုတ်ပယ်ခံထားရခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်ရှိ ဗိုလ်စောအယ်ခွီးခေါ် ဗိုလ်ကော်လာဖိုးသည်လည်း တပ်မဟာ(၄) နယ်မြေတွင် KNU၏ အုပ်ချုပ်ရေးကို နှောက်ယှက်ခြင်း၊ အရပ်သားများကို ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း တို့ ကျူးလွန်ခဲ့ကြောင်း KNU ဗဟို တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

KNU အနေဖြင့် တော်လှန်ရေးကာလ ဖြစ်သည့်တိုင် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အတိအကျလိုက်နာရန် မူဝါဒချမှတ်ထားကြောင်း၊ အရပ်သား ပစ်မှတ်များအား တိုက်ခိုက်ခြင်းအား လက်သင့်မခံနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။