Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စားနပ်ရိက္ခာ ဖူလုံရေး တစ်နိုင်ငံလုံး ပူးပေါင်းကြဖို့ ကင်မ်ဂျုံအန်း တိုက်တွန်း

မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ ခေါင်းပါး ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ ယုံကြည်ရပြီး အာဏာရ အလုပ်သမား ပါတီက စိုက်ပျိုးမွေးမြူရေး မူဝါဒဆိုင်ရာ အထူးအစည်းအဝေး တစ်ရပ်ကိုတောင် ရှားရှားပါးပါး ခေါ်ယူထားခဲ့ရပါတယ်။

စားနပ်ရိက္ခာ ဖူလုံရေး တစ်နိုင်ငံလုံး ပူးပေါင်းကြဖို့ ကင်မ်ဂျုံအန်း တိုက်တွန်း
စားနပ်ရိက္ခာ ဖူလုံရေး တစ်နိုင်ငံလုံး ပူးပေါင်းကြဖို့ ကင်မ်ဂျုံအန်း တိုက်တွန်း

ကောက်ပဲသီးနှံတွေ စိုက်ပျိုး ထုတ်လုပ်ရေး ကဏ္ဍမှာ တစ်နိုင်ငံလုံး ပိုပြီး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သူ့ရဲ့ ဦးဆောင်မှုအောက်မှာ တစ်နိုင်ငံလုံး ညီညီညွတ်ညွတ် ကြိုးစားအားထုတ်ပြီး စားနပ်ရိက္ခာ ဖူလုံပြည့်မီအောင် ဆောင်ရွက်ကြဖို့ ခေါင်းဆောင်ကြီးက နှိုးဆော်ခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြသွားပါတယ်။

မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ ခေါင်းပါး ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ ယုံကြည်ရပြီး အာဏာရ အလုပ်သမား ပါတီက စိုက်ပျိုးမွေးမြူရေး မူဝါဒဆိုင်ရာ အထူးအစည်းအဝေး တစ်ရပ်ကိုတောင် ရှားရှားပါးပါး ခေါ်ယူထားခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပတဲ့ အစည်းအဝေးမှာ ကင်မ်က သူ့အစိုးရဟာ စိုက်ပျိုးရေး မူဝါဒနဲ့ ပတ်သက်လို့ မှားယွင်း ပျက်ကွက်မှု မရှိတဲ့ အကြီးစား အလှည့်အပြောင်းမျိုး ပြင်ဆင် ကျင့်သုံးဖို့ ရည်ရွယ်ထားကြောင်း ပြောကြားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားမှာ အားကောင်းတဲ့ (သူ့ရဲ့) ခေါင်းဆောင်မှုမျိုး ရှိနှင့်နေသလို ပြည်သူတွေရဲ့ စုစည်းမှု အင်အားသာ ပေါင်းစပ်လိုက်ရင် မဖြစ်နိုင်တဲ့ကိစ္စ မရှိဘူးလို့ ကင်မ်က ဆိုပါတယ်။

နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေကတော့ မြောက်ကိုရီးယားဟာ ကပ်ရောဂါကို အကြောင်းပြုပြီး နယ်စပ် ကုန်သွယ်မှုတွေကို ပိတ်ပင်ခဲ့တဲ့အပြင် မိုးခေါင်လို့ သီးနှံတွေ အထွက်လျော့ကျတာကြောင့်ပါ ပြည်တွင်း စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ရင်ဆိုင်နေရတာလို့ သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယားဟာ အရင်ကလည်း ဆိုးဆိုးရွားရွား စားနပ်ရိက္ခာ ပြတ်တောက်ပြီး အငတ်ဘေး ဆိုက်မှုတွေနဲ့ ယဉ်ပါးနေကျ နိုင်ငံတစ်ခုလို့ ဆိုနိုင်ပါတယ်။

မြောက်ကိုရီးယား လူဦးရေ ၂၅ သန်းအတွက် နှစ်စဉ် ဂျုံနဲ့ နှံစားသီးနှံ တန်ချိန် ၅.၅ သန်းလောက် လိုအပ်ပေမယ့် မနှစ်က မြောက်ကိုရီးယားမှာ ထွက်ရှိတဲ့ ဂျုံပမာဏဟာ တန်ချိန် ၄.၅ သန်းအောက်သာ ရှိနိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး ဌာနက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။