Connect with us

Hi, what are you looking for?

News

ခုခံ​တော်လှန်စစ်​ကြေညာပြီးတစ်ပတ်အတွင်း စစ်​ကောင် စီတပ်သား ၁၉၂ဦး​သေ

အဲဒီအကြိမ်ရေတွေဟာ လက်နက်ကိုင်တိုက်ပွဲ၊ ပြည်သူ့ခုခံတော်လှန်စစ်၊ လုပ်ကြံခံရမှု၊ ပေါက်ကွဲမှုနဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှု စတာတွေကို ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၃ ခုမှာ ပဋိပက္ခနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်စတင်ချိန်ကစလို့ တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၁၉၂ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ခုခံတော်လှန်စစ်စတင်ပြီလို့ ကြေညာတဲ့ စက်တင်ဘာ ၇ရက်ကစပြီး နိုင်ငံတစ်ဝန်း တိုက်ပွဲနဲ့ပဋိပက္ခဖြစ်ပွားမှုမြင့်တင်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်အထိ စစ်ကိုင်းတိုင်းက ၄၇ ကြိမ်၊ ရန်ကုန်တိုင်းက ၄၃ ကြိမ်နဲ့ မန္တလေးတိုင်း ၂၆ ကြိမ် အသီးသီးရှိခဲ့ပါတယ်။

အဲဒီအကြိမ်ရေတွေဟာ လက်နက်ကိုင်တိုက်ပွဲ၊ ပြည်သူ့ခုခံတော်လှန်စစ်၊ လုပ်ကြံခံရမှု၊ ပေါက်ကွဲမှုနဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှု စတာတွေကို ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၃ ခုမှာ ပဋိပက္ခနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် စတင်အပြီးတစ်ပတ်အတွင်း အရပ်သားသေဆုံးသူဦးရေ ၄၇ ဦး၊ အရပ်သားဒဏ်ရာရသူဦး ရေ ၃၅ ဦး၊ အဖမ်းဆီးခံရသူဦးရေ ၉၆ ဦး တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီဘက်က ဒဏ်ရာရရှိသူဦးရေက ၆၈ ဦးရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ တပ်မတော်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံကြဖို့ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook