Connect with us

Hi, what are you looking for?

သတင်း

KNUညီလာခံ အွန်လိုင်းက ကျင်းပရန် စီစဉ်မှု အဆင်မပြေ

KNU ၏ (၁၇)ကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီ ၂၇ရက်တွင် စတင်ကျင်းပခဲ့သော်လည်း KNU တပ်မဟာ(၅)က ကိုယ်စားလှယ်များ တက်ရောက်နိုင်ခြင်းမရှိဟု KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ကိုးကားပြီး Salween Press က ဖော်ပြထားသည်။

(KNU တပ်သားများ စစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(KNU တပ်သားများ စစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

▪️ကြားကာလ ခေါင်းဆောင်မှုအတွက် ဦးဆောင်အဖွဲ့ ဖွဲ့စည်းနိုင်ဖွယ်ရှိဟု သုံးသပ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညီလာခံကို စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို မြေပြင်၌ မျက်နှာစုံညီကျင်းပရန် အခက်အခဲ ဖြစ်ပေါ်နေ၍ အွန်လိုင်းမှ ကျင်းပရန် ကြိုးပမ်းခဲ့ရာ ကိုယ်စားလှယ်အချို့လက်မခံ၍ မကျင်းပနိုင်ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KNU ၏ (၁၇)ကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီ ၂၇ရက်တွင် စတင်ကျင်းပခဲ့သော်လည်း KNU တပ်မဟာ(၅)က ကိုယ်စားလှယ်များ တက်ရောက်နိုင်ခြင်းမရှိဟု KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ကိုးကားပြီး Salween Press က ဖော်ပြထားသည်။

KNU သတင်းရင်းမြစ်က ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းခဲ့သော်လည်း အခက်အခဲ စိန်းခေါ်မှုများ ရှိနေကြောင်း ပြောသည်။

“ညီလာခံကတော့ ပုံမှန်အားဖြင့် လုပ်မယ်ဆိုရင်တော့ ဖြစ်စေချင်တာက မျက်နှာချင်းဆိုင် ပြောကြ ဆိုကြ ဖလှယ်ကြပေါ့။ အခုကတော့ အွန်လိုင်းနဲ့လုပ်မယ့်အခါကျတော့ ကိုယ်စားလှယ်တစ်ချို့ကျတော့ ဘဝင်မကျဘူးပေါ့။ အားမရဘူးပေါ့။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ဇဝေဇဝါဖြစ်သွားမှာ စိုးလို့ပေါ့။ ပြောရေဆိုရတာလည်း လိုင်းပေါ်မှာဆိုတော့ သိပ်တော့ အားမရဘူးပေါ့။ အဲဒီလိုပါ။ အခုက ပြန်ညှိကြတာပေါ့။ ပြန်ညှိတယ်ဆိုတာ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် ညီလာခံ ကျင်းပရေး တိကျသည့် အဖြေမရသေးဟု ၎င်းက ဆိုသည်။

“ကွန်ဂရက်က သတ်မှတ်ထားတာလည်း ပြည့်ပြီ။ နောက်ပြီး ဖွဲ့စည်းပုံအရ ၂နှစ်ထက်မကျော်လွန်ရဘူးဆိုတာ ဒါကလည်း ကျော်ပြီ။ အဲဒါကြောင့်မို့ ဒါကို လုပ်ကိုလုပ်ရမယ် ဒါပေမဲ့ လုပ်ဖို့ကလည်း အခြေအနေက ဒီလိုဖြစ်လာတဲ့အပေါ်မှာ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ တကယ်လို့ မဖြစ်နိုင်ရင် တခုခု ကြားကာလ အဖွဲ့အစည်း တစ်ခု နာမည်တစ်ခုနဲ့ပေါ့။ နိုင်ငံတစ်နိုင်ငံလိုဆိုရင်တော့ ကြားဖြတ်အစိုးရလိုပေါ့”ဟု KNU သတင်းရင်းမြစ်က KNU ညီလာခံ မခေါ်ခင် ကြားကာလ၌ ဦးဆောင် မည့်အဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ကြောင်း သုံးသပ်သည်။

ခေါင်းဆောင်မှု ပြန်လည်ရွေးချယ်သည့် KNU ညီလာခံကို ၄လေးနှစ်တစ်ကြိမ် ကျင်းပရန် KNU ဖွဲ့စည်းပုံ၌ ပြဌာန်းထားပြီး (၁၆)ကြိမ်မြောက်ညီလာခံမှာ ၂၀၁၇က ကျင်းပခဲ့သည်။ သို့ရာတွင် ကိုဗစ်ကပ်ရောဂါနှင့် စစ်ရေး အခြေအနေများကြောင့် သတ်မှတ်အချိန်အတိုင်း မကျင်းပနိုင်ဘဲ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်။

KNU ညီလာခံ ကိစ္စနှင့်ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရပေ။

ကမ္ဘာတစ်ဝှမ်းရှိ ကရင်အဖွဲ့အစည်းများကလည်း နိုင်ငံရေး ဦးဆောင်မှု အကြပ်အတည်းနှင့် ခေါင်းဆောင်မှု ပြဿနာ အောက်မှ ရုန်းထွက်နိုင်ရန် KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီ တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် တောင်းဆိုထားပြီး ကြားကာလ စီမံခန့်ခွဲရေး အဖွဲကကို ဖွဲ့စည်းရန် အကြံပြုထားသည်။

KNU၏ ခရိုင်နှင့် တပ်မဟာ ခုနစ်ခုမှ ခေါင်းဆောင်ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်နိုင်မည့် ညီလာခံ ကျင်းပနိုင်ရေးအတွက် အဓိက စိန်ခေါ်မှုမှာ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People’s Spring သို့ ယခင်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။