Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNUညီလာခံ အွန်လိုင်းက ကျင်းပရန် စီစဉ်မှု အဆင်မပြေ

KNU ၏ (၁၇)ကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီ ၂၇ရက်တွင် စတင်ကျင်းပခဲ့သော်လည်း KNU တပ်မဟာ(၅)က ကိုယ်စားလှယ်များ တက်ရောက်နိုင်ခြင်းမရှိဟု KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ကိုးကားပြီး Salween Press က ဖော်ပြထားသည်။

(KNU တပ်သားများ စစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(KNU တပ်သားများ စစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

▪️ကြားကာလ ခေါင်းဆောင်မှုအတွက် ဦးဆောင်အဖွဲ့ ဖွဲ့စည်းနိုင်ဖွယ်ရှိဟု သုံးသပ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညီလာခံကို စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို မြေပြင်၌ မျက်နှာစုံညီကျင်းပရန် အခက်အခဲ ဖြစ်ပေါ်နေ၍ အွန်လိုင်းမှ ကျင်းပရန် ကြိုးပမ်းခဲ့ရာ ကိုယ်စားလှယ်အချို့လက်မခံ၍ မကျင်းပနိုင်ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KNU ၏ (၁၇)ကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီ ၂၇ရက်တွင် စတင်ကျင်းပခဲ့သော်လည်း KNU တပ်မဟာ(၅)က ကိုယ်စားလှယ်များ တက်ရောက်နိုင်ခြင်းမရှိဟု KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ကိုးကားပြီး Salween Press က ဖော်ပြထားသည်။

KNU သတင်းရင်းမြစ်က ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းခဲ့သော်လည်း အခက်အခဲ စိန်းခေါ်မှုများ ရှိနေကြောင်း ပြောသည်။

“ညီလာခံကတော့ ပုံမှန်အားဖြင့် လုပ်မယ်ဆိုရင်တော့ ဖြစ်စေချင်တာက မျက်နှာချင်းဆိုင် ပြောကြ ဆိုကြ ဖလှယ်ကြပေါ့။ အခုကတော့ အွန်လိုင်းနဲ့လုပ်မယ့်အခါကျတော့ ကိုယ်စားလှယ်တစ်ချို့ကျတော့ ဘဝင်မကျဘူးပေါ့။ အားမရဘူးပေါ့။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ဇဝေဇဝါဖြစ်သွားမှာ စိုးလို့ပေါ့။ ပြောရေဆိုရတာလည်း လိုင်းပေါ်မှာဆိုတော့ သိပ်တော့ အားမရဘူးပေါ့။ အဲဒီလိုပါ။ အခုက ပြန်ညှိကြတာပေါ့။ ပြန်ညှိတယ်ဆိုတာ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် ညီလာခံ ကျင်းပရေး တိကျသည့် အဖြေမရသေးဟု ၎င်းက ဆိုသည်။

“ကွန်ဂရက်က သတ်မှတ်ထားတာလည်း ပြည့်ပြီ။ နောက်ပြီး ဖွဲ့စည်းပုံအရ ၂နှစ်ထက်မကျော်လွန်ရဘူးဆိုတာ ဒါကလည်း ကျော်ပြီ။ အဲဒါကြောင့်မို့ ဒါကို လုပ်ကိုလုပ်ရမယ် ဒါပေမဲ့ လုပ်ဖို့ကလည်း အခြေအနေက ဒီလိုဖြစ်လာတဲ့အပေါ်မှာ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ တကယ်လို့ မဖြစ်နိုင်ရင် တခုခု ကြားကာလ အဖွဲ့အစည်း တစ်ခု နာမည်တစ်ခုနဲ့ပေါ့။ နိုင်ငံတစ်နိုင်ငံလိုဆိုရင်တော့ ကြားဖြတ်အစိုးရလိုပေါ့”ဟု KNU သတင်းရင်းမြစ်က KNU ညီလာခံ မခေါ်ခင် ကြားကာလ၌ ဦးဆောင် မည့်အဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ကြောင်း သုံးသပ်သည်။

ခေါင်းဆောင်မှု ပြန်လည်ရွေးချယ်သည့် KNU ညီလာခံကို ၄လေးနှစ်တစ်ကြိမ် ကျင်းပရန် KNU ဖွဲ့စည်းပုံ၌ ပြဌာန်းထားပြီး (၁၆)ကြိမ်မြောက်ညီလာခံမှာ ၂၀၁၇က ကျင်းပခဲ့သည်။ သို့ရာတွင် ကိုဗစ်ကပ်ရောဂါနှင့် စစ်ရေး အခြေအနေများကြောင့် သတ်မှတ်အချိန်အတိုင်း မကျင်းပနိုင်ဘဲ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်။

KNU ညီလာခံ ကိစ္စနှင့်ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရပေ။

ကမ္ဘာတစ်ဝှမ်းရှိ ကရင်အဖွဲ့အစည်းများကလည်း နိုင်ငံရေး ဦးဆောင်မှု အကြပ်အတည်းနှင့် ခေါင်းဆောင်မှု ပြဿနာ အောက်မှ ရုန်းထွက်နိုင်ရန် KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီ တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် တောင်းဆိုထားပြီး ကြားကာလ စီမံခန့်ခွဲရေး အဖွဲကကို ဖွဲ့စည်းရန် အကြံပြုထားသည်။

KNU၏ ခရိုင်နှင့် တပ်မဟာ ခုနစ်ခုမှ ခေါင်းဆောင်ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်နိုင်မည့် ညီလာခံ ကျင်းပနိုင်ရေးအတွက် အဓိက စိန်ခေါ်မှုမှာ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People’s Spring သို့ ယခင်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။