Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးရဲစခန်းအချုပ်တွင် ကျန်းမာရေးမကောင်းဖြစ်နေသည့်နိုင်ကျဉ်းတစ်ဦး ဆေးကုသခွင့်မရ၍ သေဆုံး

ကိုသစ်ဆန်းဦးနှင့် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်က လွန်ခဲ့သော ငါးလခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ကျန်းမာရေးမကောင်းဖြစ်နေသည်ကို ဆေးကုသခွင့်မပေးခဲ့ဘဲ တမူးရဲစခန်းအချုပ်၌ ချုပ်ထားရာမှ သေဆုံးသွားခြင်းဟု သိရသည်။

တမူးရဲစခန်းအချုပ်တွင် ကျန်းမာရေးမကောင်းဖြစ်နေသည့်နိုင်ကျဉ်းတစ်ဦး ဆေးကုသခွင့်မရ၍ သေဆုံး
တမူးရဲစခန်းအချုပ်တွင် ကျန်းမာရေးမကောင်းဖြစ်နေသည့်နိုင်ကျဉ်းတစ်ဦး ဆေးကုသခွင့်မရ၍ သေဆုံး

စစ်ကိုင်းတိုင်း တမူးမြို့ရဲစခန်းအချုပ်တွင် ကျန်းမာရေးမကောင်းဖြစ်နေသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရ၍ အသက်သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ခံများက ပြောသည်။

အသက်(၄၇)နှစ်အရွယ် ကိုသစ်ဆန်းဦးဆိုသူသည် အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး တမူးရဲစခန်း၌ ချုပ်နှောင်ခံထားရစဉ် မတ်လ ၁၆ရက်က သေဆုံးသွားခြင်းဖြစ်သည်။

“ကိုသစ်ဆန်းဦးက နေမကောင်းတဲ့သူ။ ဆေးကုသခွင့်မပေးခဲ့ဘူး။ ရဲစခန်းနဲ့ ဆေးရုံက မျက်နှာချင်းဆိုင်တင်ရှိနေတာ။ အဲ့ဒါကို ကုသခွင့်မပေးတာ တော်တော် ရက်စက်တယ်”ဟု ကိုသစ်ဆန်းဦး၏ မိတ်‌ဆွေတစ်ဦးက ပြောသည်။

ကိုသစ်ဆန်းဦးနှင့် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်က လွန်ခဲ့သော ငါးလခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ကျန်းမာရေးမကောင်းဖြစ်နေသည်ကို ဆေးကုသခွင့်မပေးခဲ့ဘဲ တမူးရဲစခန်းအချုပ်၌ ချုပ်ထားရာမှ သေဆုံးသွားခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

“ဒီလို မတရားမှုတွေ ဆက်မခံနိုင်ဘူး။ ကျွန်တော် တို့ မြို့ခံတွေက စစ်အာဏာရှင်ကို ဆက်တွန်းလှန်နေမှာ”ဟု တမူးဒေသခံတစ်ဦးက ပြောသည်။

ကိုသစ်ဆန်းဦး၏ ‌နာရေးကို ယနေ့ပြုလုပ်မည်ဖြစ်ကြောင်း သူ၏မိသားစုဝင်များက ရင်းနှီးသူများအား အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ ၁၆,၅၇၄ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ၎င်းတို့အနက်မှ ၅,၀၉၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု AAPP က ယမန်နေ့ (မတ်လ ၁၇ရက်)တွင် ထုတ်ပြန်ထားသည်။ ဖမ်းဆီးထားစဉ် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၅၀၀ ဦးထက်မနည်းရှိကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။