Connect with us

Hi, what are you looking for?

သတင်း

တမူးရဲစခန်းအချုပ်တွင် ကျန်းမာရေးမကောင်းဖြစ်နေသည့်နိုင်ကျဉ်းတစ်ဦး ဆေးကုသခွင့်မရ၍ သေဆုံး

ကိုသစ်ဆန်းဦးနှင့် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်က လွန်ခဲ့သော ငါးလခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ကျန်းမာရေးမကောင်းဖြစ်နေသည်ကို ဆေးကုသခွင့်မပေးခဲ့ဘဲ တမူးရဲစခန်းအချုပ်၌ ချုပ်ထားရာမှ သေဆုံးသွားခြင်းဟု သိရသည်။

တမူးရဲစခန်းအချုပ်တွင် ကျန်းမာရေးမကောင်းဖြစ်နေသည့်နိုင်ကျဉ်းတစ်ဦး ဆေးကုသခွင့်မရ၍ သေဆုံး
တမူးရဲစခန်းအချုပ်တွင် ကျန်းမာရေးမကောင်းဖြစ်နေသည့်နိုင်ကျဉ်းတစ်ဦး ဆေးကုသခွင့်မရ၍ သေဆုံး

စစ်ကိုင်းတိုင်း တမူးမြို့ရဲစခန်းအချုပ်တွင် ကျန်းမာရေးမကောင်းဖြစ်နေသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရ၍ အသက်သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ခံများက ပြောသည်။

အသက်(၄၇)နှစ်အရွယ် ကိုသစ်ဆန်းဦးဆိုသူသည် အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး တမူးရဲစခန်း၌ ချုပ်နှောင်ခံထားရစဉ် မတ်လ ၁၆ရက်က သေဆုံးသွားခြင်းဖြစ်သည်။

“ကိုသစ်ဆန်းဦးက နေမကောင်းတဲ့သူ။ ဆေးကုသခွင့်မပေးခဲ့ဘူး။ ရဲစခန်းနဲ့ ဆေးရုံက မျက်နှာချင်းဆိုင်တင်ရှိနေတာ။ အဲ့ဒါကို ကုသခွင့်မပေးတာ တော်တော် ရက်စက်တယ်”ဟု ကိုသစ်ဆန်းဦး၏ မိတ်‌ဆွေတစ်ဦးက ပြောသည်။

ကိုသစ်ဆန်းဦးနှင့် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်က လွန်ခဲ့သော ငါးလခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ကျန်းမာရေးမကောင်းဖြစ်နေသည်ကို ဆေးကုသခွင့်မပေးခဲ့ဘဲ တမူးရဲစခန်းအချုပ်၌ ချုပ်ထားရာမှ သေဆုံးသွားခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

“ဒီလို မတရားမှုတွေ ဆက်မခံနိုင်ဘူး။ ကျွန်တော် တို့ မြို့ခံတွေက စစ်အာဏာရှင်ကို ဆက်တွန်းလှန်နေမှာ”ဟု တမူးဒေသခံတစ်ဦးက ပြောသည်။

ကိုသစ်ဆန်းဦး၏ ‌နာရေးကို ယနေ့ပြုလုပ်မည်ဖြစ်ကြောင်း သူ၏မိသားစုဝင်များက ရင်းနှီးသူများအား အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ ၁၆,၅၇၄ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ၎င်းတို့အနက်မှ ၅,၀၉၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု AAPP က ယမန်နေ့ (မတ်လ ၁၇ရက်)တွင် ထုတ်ပြန်ထားသည်။ ဖမ်းဆီးထားစဉ် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၅၀၀ ဦးထက်မနည်းရှိကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။