Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

‘အမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံ’ကိုဖျက်ဆီးဖမ်းဆီးမှုပြည်သူများလွတ်လပ်စွာပညာသင်ကြားခွင့်အားပိတ်ပင်ခြင်းဖြစ်၍စစ်​ကောင်စီကိုနိုင်ငံတကာကပိုအ​ရေးယူရန်KHRW​တောင်းဆို

စစ်ကောင်စီတပ်သည် အဆိုပါအမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံကို မတ်လ ၁၈ရက်ညနေတွင် အင်အားအများအပြားဖြင့် ဝင်​ရောက်စီးနင်းပြီး ဖျက်ဆီးခဲ့ခြင်းကြောင်း ဒေသခံများကပြောသည်။

ဖားကန့်ရှိ အမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံဖျက်ဆီးမခံရခင်က​တွေ့ရပုံ။ဓါတ်ပုံ-KHRW
ဖားကန့်ရှိ အမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံဖျက်ဆီးမခံရခင်က​တွေ့ရပုံ။ဓါတ်ပုံ-KHRW

ဖားကန့်မြို့မှအမျိုးသမီးစွမ်းရည်မြင့် အလုပ်ရုံကို စစ်ကောင်စီတပ်က ဖျက်ဆီးပြီး ပြည်သူနှစ်ဦအား ဖမ်းဆီးသွားခြင်းသည် ပြည်သူလူထုများ၏ လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့်ကို ဟန့်တားပိတ်ပင်လာခြင်းဖြစ်ပြီး နိုင်ငံတကာ အစိုးရများအနေဖြင့်စစ်ကောင်စီ၏ စီးပွားရေး၊ နိုင်ငံရေးတို့ကို ပိုမိုပိတ်ဆို့ အရေးယူဆောင်ရွက်ပါရန် Kachine Human Rights Watch – KHRWကကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ဖားကန့်မြို့၊မှော်စီဆာရပ်ကွက်တွင်ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေရှင်းကဆောက်လုပ်ထားသော အမျိုးသမီးစွမ်းရည်မြင့် အလုပ်ရုံကို စစ်ကောင်စီတပ်က ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW က ယနေ့(မတ်လ ၂၀ရက်)တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်က အလုပ်ရုံကိုဖျက်ဆီးပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KHRW
စစ်​ကောင်စီတပ်က အလုပ်ရုံကိုဖျက်ဆီးပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KHRW

စစ်ကောင်စီတပ်သည် အဆိုပါအမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံကို မတ်လ ၁၈ရက်ညနေတွင် အင်အားအများအပြားဖြင့် ဝင်​ရောက်စီးနင်းပြီး ဖျက်ဆီးခဲ့ခြင်းကြောင်း ဒေသခံများကပြောသည်။

“နိုင်ငံတကာအစိုးရများအနေဖြင့်လူ့အခွင့်အရေးချိုးဖောက်မှုနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး၊ နိုင်ငံရေးတို့ကို ပိုမိုပိတ်ဆို့ အရေးယူဆောင်ရွက်ပါရန် တောင်းဆိုလိုက်သည်”ဟုKHRWက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဖားကန့်တွင် အရပ်သားပြည်သူများကို ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။မတ်လ ၁၁ရက်ကလည်း ကချင်ရိုးရာယဉ်ကျေးမှုရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် ရုံးအတွင်းရှိ​နေသူ၁၀ ဦးထက်မနည်းကိုဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

စစ်​ကောင်စီတပ်က အလုပ်ရုံကိုဖျက်ဆီးပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KHRW
စစ်​ကောင်စီတပ်က အလုပ်ရုံကိုဖျက်ဆီးပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KHRW

“ပြည်သူတွေကကိုယ့်ဝမ်းစာအတွက်အလုပ်လုပ်နေချိန်မှာ သူတို့(စစ်ကောင်စီ)က မတရားဖမ်းဆီးနေတယ်” ဟု KHRWက တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီမှ ပြည်သူလူထုများကို မတရားဖမ်းဆီးခြင်းမှချက်ခြင်းရပ်တန့်ပေးရန်၊ မတရားဖမ်းဆီးထားသော ပြည်သူများကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် KHRWက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။