Connect with us

Hi, what are you looking for?

သတင်း

‘အမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံ’ကိုဖျက်ဆီးဖမ်းဆီးမှုပြည်သူများလွတ်လပ်စွာပညာသင်ကြားခွင့်အားပိတ်ပင်ခြင်းဖြစ်၍စစ်​ကောင်စီကိုနိုင်ငံတကာကပိုအ​ရေးယူရန်KHRW​တောင်းဆို

စစ်ကောင်စီတပ်သည် အဆိုပါအမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံကို မတ်လ ၁၈ရက်ညနေတွင် အင်အားအများအပြားဖြင့် ဝင်​ရောက်စီးနင်းပြီး ဖျက်ဆီးခဲ့ခြင်းကြောင်း ဒေသခံများကပြောသည်။

ဖားကန့်ရှိ အမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံဖျက်ဆီးမခံရခင်က​တွေ့ရပုံ။ဓါတ်ပုံ-KHRW
ဖားကန့်ရှိ အမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံဖျက်ဆီးမခံရခင်က​တွေ့ရပုံ။ဓါတ်ပုံ-KHRW

ဖားကန့်မြို့မှအမျိုးသမီးစွမ်းရည်မြင့် အလုပ်ရုံကို စစ်ကောင်စီတပ်က ဖျက်ဆီးပြီး ပြည်သူနှစ်ဦအား ဖမ်းဆီးသွားခြင်းသည် ပြည်သူလူထုများ၏ လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့်ကို ဟန့်တားပိတ်ပင်လာခြင်းဖြစ်ပြီး နိုင်ငံတကာ အစိုးရများအနေဖြင့်စစ်ကောင်စီ၏ စီးပွားရေး၊ နိုင်ငံရေးတို့ကို ပိုမိုပိတ်ဆို့ အရေးယူဆောင်ရွက်ပါရန် Kachine Human Rights Watch – KHRWကကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ဖားကန့်မြို့၊မှော်စီဆာရပ်ကွက်တွင်ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေရှင်းကဆောက်လုပ်ထားသော အမျိုးသမီးစွမ်းရည်မြင့် အလုပ်ရုံကို စစ်ကောင်စီတပ်က ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW က ယနေ့(မတ်လ ၂၀ရက်)တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်က အလုပ်ရုံကိုဖျက်ဆီးပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KHRW
စစ်​ကောင်စီတပ်က အလုပ်ရုံကိုဖျက်ဆီးပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KHRW

စစ်ကောင်စီတပ်သည် အဆိုပါအမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံကို မတ်လ ၁၈ရက်ညနေတွင် အင်အားအများအပြားဖြင့် ဝင်​ရောက်စီးနင်းပြီး ဖျက်ဆီးခဲ့ခြင်းကြောင်း ဒေသခံများကပြောသည်။

“နိုင်ငံတကာအစိုးရများအနေဖြင့်လူ့အခွင့်အရေးချိုးဖောက်မှုနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး၊ နိုင်ငံရေးတို့ကို ပိုမိုပိတ်ဆို့ အရေးယူဆောင်ရွက်ပါရန် တောင်းဆိုလိုက်သည်”ဟုKHRWက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဖားကန့်တွင် အရပ်သားပြည်သူများကို ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။မတ်လ ၁၁ရက်ကလည်း ကချင်ရိုးရာယဉ်ကျေးမှုရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် ရုံးအတွင်းရှိ​နေသူ၁၀ ဦးထက်မနည်းကိုဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

စစ်​ကောင်စီတပ်က အလုပ်ရုံကိုဖျက်ဆီးပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KHRW
စစ်​ကောင်စီတပ်က အလုပ်ရုံကိုဖျက်ဆီးပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KHRW

“ပြည်သူတွေကကိုယ့်ဝမ်းစာအတွက်အလုပ်လုပ်နေချိန်မှာ သူတို့(စစ်ကောင်စီ)က မတရားဖမ်းဆီးနေတယ်” ဟု KHRWက တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီမှ ပြည်သူလူထုများကို မတရားဖမ်းဆီးခြင်းမှချက်ခြင်းရပ်တန့်ပေးရန်၊ မတရားဖမ်းဆီးထားသော ပြည်သူများကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် KHRWက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။