Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မှော်ဘီလေတပ်စခန်းအနီးပေါက်ကွဲမှုများဆက်တိုက်ဖြစ်

ယမန်​နေ့(မတ် ၂၁ ရက်နေ့)ည ၉ နာရီ ၂၀ ခန့်က မှော်ဘီမြို့ လေ တပ်စခန်းအနီး ပေါက်ကွဲသံများဆက်တိုက်ကြားရပြီး လေတပ်ဝန်းအတွင်းမှ အရေးပေါ်ခရာမှုသံများလည်း ကြားရသည်ဟု ဒေသခံများက ဆိုသည်။

(​မှော်ဘီ​လေတပ်စခန်းအနီးဝန်းကျင်ကို Google Map မှ​တွေ့ရပုံ)
(​မှော်ဘီ​လေတပ်စခန်းအနီးဝန်းကျင်ကို Google Map မှ​တွေ့ရပုံ)

ရန်ကုန်တိုင်း မှော်ဘီမြို့အခြေစိုက် စစ်တပ်လေတပ်စခန်းအနီး ပေါက်ကွဲမှု (၄)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်​နေ့(မတ် ၂၁ ရက်နေ့)ည ၉ နာရီ ၂၀ ခန့်က မှော်ဘီမြို့ လေ တပ်စခန်းအနီး ပေါက်ကွဲသံများဆက်တိုက်ကြားရပြီး လေတပ်ဝန်းအတွင်းမှ အရေးပေါ်ခရာမှုသံများလည်း ကြားရသည်ဟု ဒေသခံများက ဆိုသည်။

“(ပေါက်ကွဲမှုလေးကြိမ်)ဟုတ်တယ်ဗျ။ မှော်ဘီလေ တပ်”ဟု ဒေသခံအမျိုးသားတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုမှာ UG ရဲဘော်များက လေတပ်စခန်းသို့ တိုက်ခိုက်ခြင်းဖြစ်နိုင်ပြီး မည်သည့်အဖွဲ့က လုပ် ဆောင်သည်ဆိုခြင်းကို စုံစမ်းဆဲဖြစ်ကြောင်း CDM စစ်တပ်အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

“လေတပ်နား ဗုံးပေါက်တာ အိမ်ပါတုန်တယ်”ဟု အခြားဒေသခံတစ်ဦးကလည်း​ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း မဂ်လာဒုံမြို့နယ် အနန်းပင်ရပ်ကွက်ရှိ လေတပ်စခန်းဝန်းသို့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း

ရှော့တိုက်ဒုန်းများပစ်ခတ်ချိန်၌ ဗိုလ်မှူးအဆင့်‌အ ရာရှိသူအဖွဲ့ လေယာဉ်လာရောက်စစ်ဆေးနေချိန်ဖြစ်‌သောကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။