ရန်ကုန်တိုင်း မှော်ဘီမြို့အခြေစိုက် စစ်တပ်လေတပ်စခန်းအနီး ပေါက်ကွဲမှု (၄)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။
ယမန်နေ့(မတ် ၂၁ ရက်နေ့)ည ၉ နာရီ ၂၀ ခန့်က မှော်ဘီမြို့ လေ တပ်စခန်းအနီး ပေါက်ကွဲသံများဆက်တိုက်ကြားရပြီး လေတပ်ဝန်းအတွင်းမှ အရေးပေါ်ခရာမှုသံများလည်း ကြားရသည်ဟု ဒေသခံများက ဆိုသည်။
“(ပေါက်ကွဲမှုလေးကြိမ်)ဟုတ်တယ်ဗျ။ မှော်ဘီလေ တပ်”ဟု ဒေသခံအမျိုးသားတစ်ဦးက People’s Spring သို့ ပြောသည်။
အဆိုပါ ပေါက်ကွဲမှုမှာ UG ရဲဘော်များက လေတပ်စခန်းသို့ တိုက်ခိုက်ခြင်းဖြစ်နိုင်ပြီး မည်သည့်အဖွဲ့က လုပ် ဆောင်သည်ဆိုခြင်းကို စုံစမ်းဆဲဖြစ်ကြောင်း CDM စစ်တပ်အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။

Public Service Announcement
“လေတပ်နား ဗုံးပေါက်တာ အိမ်ပါတုန်တယ်”ဟု အခြားဒေသခံတစ်ဦးကလည်းပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း မဂ်လာဒုံမြို့နယ် အနန်းပင်ရပ်ကွက်ရှိ လေတပ်စခန်းဝန်းသို့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သေးသည်။


















































