Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့သည့် ကျုံဒိုးတိုက်ပွဲအခြေအနေ ဂဠုန်စစ်ကြောင်းထုတ်ပြန်

တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု​ကြောင့် အရပ်သားများလည်း ထိခိုက်သေဆုံးမှုရှိသလို ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဂဠုန်စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့သည့် ကျုံဒိုးတိုက်ပွဲအခြေအနေ ဂဠုန်စစ်ကြောင်းထုတ်ပြန်
စစ်ကောင်စီတပ်စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့သည့် ကျုံဒိုးတိုက်ပွဲအခြေအနေ ဂဠုန်စစ်ကြောင်းထုတ်ပြန်

ကရင်ပြည်နယ် ကျုံဒိုးမြို့၌ မတ် ၂၅ ရက်ကဖြစ်ပွားသောတိုက်ပွဲတွင် စစ်တပ်ဘက်က ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဂဠုန်စစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဂဠုန်စစ်ကြောင်းက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်ပါ သေဆုံး၊ ဒဏ်ရာရကိန်းဂဏန်းများကို People’s Spring အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါ။

စစ်ကောင်စီတပ်စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့သည့် ကျုံဒိုးတိုက်ပွဲအခြေအနေ ဂဠုန်စစ်ကြောင်းထုတ်ပြန်
စစ်ကောင်စီတပ်စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့သည့် ကျုံဒိုးတိုက်ပွဲအခြေအနေ ဂဠုန်စစ်ကြောင်းထုတ်ပြန်

ဂဠုန်စစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကျုံဒိုးမြို့အတွင်းရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်း၊ ခမရ(၅၄၅)၊ ခမရ(၅၄၆)၊ ရဲစခန်းနှင့် ဂျိုင်းတံတားထိပ်အနီး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု​ကြောင့် အရပ်သားများလည်း ထိခိုက်သေဆုံးမှုရှိသလို ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဂဠုန်စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကျုံဒိုးမြို့တိုက်ပွဲတွင် ဂဠုန်စစ်ကြောင်း၊ ကျားဖြူတပ်ခွဲ(၃)၊ Lion Battalion ဗျူဟာစစ်ကြောင်းနှင့် အခြားသောမဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ယနေ့ မတ်လ(၂၆)ရက် နံနက်ပိုင်းအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့သည့် ကျုံဒိုးတိုက်ပွဲအခြေအနေ ဂဠုန်စစ်ကြောင်းထုတ်ပြန်
စစ်ကောင်စီတပ်စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့သည့် ကျုံဒိုးတိုက်ပွဲအခြေအနေ ဂဠုန်စစ်ကြောင်းထုတ်ပြန်

ဒါ့အပြင် ကော့ကရိတ်မြို့တွင်လည်း ယနေ့ မတ် ၂၆ ရက် နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကော့ကရိတ်မြို့အတွင်း အရပ်သားထိခိုက်သေဆုံးမှုလည်းရှိသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်း မတ်လ(၂၅)ရက်ကစ၍ စစ်ရေးတင်းမာနေပြီး စစ်ရေးအခြေအနေ ရှုပ်ထွေးနေသောကြောင့် ပြည်သူလူထုများအနေဖြင့် ည(၆)နာရီမှ နံနက်(၆)နာရီအထိ သွားလာခြင်းမပြုကြရန်နှင့် ကော်သူးလေတပ်မတော်နှင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်စေလိုကြောင်း ကော်သူးလေတပ်မတော် ဗဟိုဌာနချုပ် စစ်ဦးစီးချုပ်ရုံးမှ ကြေညာချက်ထုတ်ပြန်ထားရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။