Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအခြေချစခန်းကို ဝင်တိုက်ချိန်တွင် လေကြောင်းတုန့်ပြန်တိုက်ခိုက်မှုကြုံ

လိပ်သိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်ဆည်းလာပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွါးမှာကို စိုးရိမ်နေသောကြောင့် ဒေသခံပြည်သူများသည် နီးစပ်ရာနေရာဒေသနှင့် အခြားနေရာဒေသများဘက်သို့ တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကောင်စီအခြေချစခန်းကို ဝင်တိုက်ချိန်တွင် လေကြောင်းတုန့်ပြန်တိုက်ခိုက်မှုကြုံ
စစ်ကောင်စီအခြေချစခန်းကို ဝင်တိုက်ချိန်တွင် လေကြောင်းတုန့်ပြန်တိုက်ခိုက်မှုကြုံ

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီအခြေချစခန်းတစ်ခုဖြစ်သည့် ဗဟုံးဗျူဟာတပ်စခန်းကိုဝင်တိုက်ရာတွင် လေကြောင်းတုံ့ပြန်တိုက်ခိုက်သဖြင့် စခန်းမသိမ်းနိုင်ခဲ့ကြောင်း သံတောင်မြောက်ပိုင်း(အထူးဒေသ)အဖွဲ့က ထုတ်ပြန်သည်။

ကရင်ပြည်နယ် လိပ်သိုမြို့နယ်အတွင်းရှိ ဗဟုံးဗျူဟာတပ်စခန်းကို မတ် ၂၇ တွင် ဝင်တိုက်ရာ စစ်ကောင်စီတ လေကြောင်းဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းကို သိမ်းဆည်းနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

စစ်ကောင်စီအခြေချစခန်းကို ဝင်တိုက်ချိန်တွင် လေကြောင်းတုန့်ပြန်တိုက်ခိုက်မှုကြုံ
စစ်ကောင်စီအခြေချစခန်းကို ဝင်တိုက်ချိန်တွင် လေကြောင်းတုန့်ပြန်တိုက်ခိုက်မှုကြုံ

ယင်းသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး လေးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သလို သံတောင်မြောက်ပိုင်း(အထူးဒေသအဖွဲ့) ကလည်း တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ရဟတ်ယာဉ်နှင့် ဂျက်ဖိုက်တာလေယာဉ်များဖြင့် (၁၀)ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနှင့်လည်းပစ်ခတ်သာကြောင့်စခန်းအတွင်း ဝင်ရောက်သိမ်းဆည်းနိုင်ရန် မဖြစ်နိုင်တော့သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ယခုလက်ရှိအချိန်တွင် စစ်ကောင်စီတပ်နှင့် သံတောင်မြောက်ပိုင်း(အထူးဒေသအဖွဲ့)တို့ကြား စစ်ရေးတင်းမာလျက်ရှိနေပြီး တိုက်ပွဲများ အချိန်နေရာမရွေး ဖြစ်ပွါးနိုင်သောကြောင့် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်များနှင့် နီးစပ်ရာတွင် နေထိုင်ခြင်းမပြုရန်၊ စစ်ကောင်စီနှင့် မပူးပေါင်းရန် သံတောင်မြောက်ပိုင်း(အထူးဒေသအဖွဲ့)က အသိပေးထုတ်ပြန်ထားသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောအူး(တောင်ငူ)ခရိုင် တပ်မဟာ(၂)နယ်မြေ လိပ်သိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ဗဟုန်းတပ်စခန်းအပါအဝင် တပ်စခန်း(၄)ခုကို KNLA တပ်ရင်း(၅)ပူးပေါင်းအဖွဲ့များမှ မတ်လ(၂၇)ရက်ကစ၍ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မတ်လ(၂၈)ရက်တွင်လည်း သံမိုးတောင်နှင့် ကျောက်လုံးကြီးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု တပ်မဟာ(၂)စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

လိပ်သိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်ဆည်းလာပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွါးမှာကို စိုးရိမ်နေသောကြောင့် ဒေသခံပြည်သူများသည် နီးစပ်ရာနေရာဒေသနှင့် အခြားနေရာဒေသများဘက်သို့ တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။