Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဝင်ရဲဘော်များ၏ စားနပ်ရိက္ခာနှင့် ဒဏ်ရာရ ရဲဘော်အတွက်ကူညီပေးရန် မတူပီ CDF မေတ္တာရပ်ခံ

မြေပြင်တွင်လည်းဆေးဝါးများ ပျက်လတ်မှုကြောင့် ရဲဘော်များအခက်အခဲ ကြုံနေရသည်ဟုဆိုသည်။

(မတူပီမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)တပ်ဖွဲ့မှ ရဲဘော်များ ထမင်းစားသုံးနေကြစဥ်။ ဓာတ်ပုံ - Chinland Defense Force Matupi)
(မတူပီမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)တပ်ဖွဲ့မှ ရဲဘော်များ ထမင်းစားသုံးနေကြစဥ်။ ဓာတ်ပုံ - Chinland Defense Force Matupi)

ချင်းပြည်နယ် မတူပီမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)တပ်ဖွဲ့၏ တိုက်ပွဲဝင် ရဲဘော်များနှင့် ဒဏ်ရာရ ရဲဘော်အတွက် ပံ့ပိုးကူညီပေးရန် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများအား မတူပီ CDFက မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။

မတူပီ – ပလက်၀လမ်းပိုင်း၌ မတ်လ ၂၀ရက်ကစပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

မတူပီ – ပလက်ဝလမ်းတွင် နေ့စဉ်တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် စားနပ်ရိက္ခာများ ဟင်းဖိုးများ လိုအပ်နေကြောင်း၊ စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လာ၍ တိုက်ပွဲဆက်လက်ဖြစ်နိုင်ချေရှိကြောင်း၊ ထို့ကြောင့် တက်နိုင်သည့် ဘက်က ပါဝင်ကူညီပေးရန် မတူပီ CDFက အသိပေးထားသည်။

ထို့ပြင် ဒဏ်ရာရ ရဲဘော်ဆေးဝါးကုသမှု အတွက်လည်း အရေးပေါ် အကူအညီလိုအပ်လျက်ရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

CDF-Matupi မှ ရဲဘော်တစ်ဦး ပြီးခဲ့သောတိုက်ပွဲအတွင်းမှ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒဏ်ရာရ ရဲဘော်၏ ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

လမ်းကြောင်းခက်ခဲမှုနှင့် ဒဏ်ရာခြေနေများကြောင့် လွတ်မြောက်ဒေသဆေးရုံးကြီးများတွင် သယ်ယူပို့ဆောင်ရန် ခဲခက်နေကြောင်း၊ ယခုခြေနေတွင် ဒဏ်ရာရရဲဘော်သည် အနီးစပ်ဆုံး ဆေးခန်းတွင်သာ ဆေးဝါကုသမှုခံယူနေရပြီး ရဲဘော်၏လိုအပ်သော ဆေးဝါးစရိတ်များအတွက်သော်လည်ကောင်း ပို့ဆောင်ရေးအတွက်သော်လည်ကောင်း ပြည်သူများဝိုင်းဝန်း ကူညီပေးရန် တောင်းဆိုထားသည်။

မြေပြင်တွင်လည်းဆေးဝါးများ ပျက်လတ်မှုကြောင့် ရဲဘော်များအခက်အခဲ ကြုံနေရသည်ဟုဆိုသည်။

ထို့ကြောင့် ပြည်တွင်းပြည်ပမှ အလှူရှင်များ၊ မိဘပြည်သူများ ဆက်လက်ကူညီလှူဒါန်းပေးကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။