Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ်ကန်ရွာရဲစခန်းကိုPDFများစီးနင်းတိုက်ခိုက်

ရဲစခန်း၏ ထက်ဝက်​ကျော်ကိုတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ချိန်တွင်စစ်တပ်မှ ​လေ​ကြောင်းအကူ​ရောက်လာ၍ ဗျူဟာကုန်းနှင့် ၎င်း၏ ဘန်ကာတို့ ကိုမဖျက်ဆီးနိုင်ခဲ့ဘဲ စခန်းတစ်ခုလုံးမသိမ်းနိုင်ခဲ့ခြင်းဖြစ်​ကြောင်းလည်း တိုက်ပွဲဝင်ခဲ့​သောရဲ​ဘော်များက​ပြောသည်။

(ဂန့်​ဂေါမြို့နယ် ကန်ရွာကိုGoogle Map တွင်​တွေ့ရမှု)
(ဂန့်​ဂေါမြို့နယ် ကန်ရွာကိုGoogle Map တွင်​တွေ့ရမှု)

▪︎စစ်တပ်ကအထိနာ၍လေကြောင်းအသုံးပြုတိုက်ခိုက်၊​ဒေသခံများထွက်​ပြေးတိမ်း​ရှောင်နေရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကန်ရွာရဲစခန်းအား ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က လေကြောင်းမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့၍ စခန်းကိုအပြည့်အဝမသိမ်းနိုင်ခဲ့ဘဲစခန်းထက်ဝက်ကျော်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့​​ကြောင်း PDF များက ပြောသည်။

ဂန့်​ဂေါမြို့နှင့် ၂၇ ဝန်းကျင်ကွာ​ဝေး​သော ကန်ရွာရှိ စစ်ကောင်စီ၏ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကယမန့်နေ့(မတ် ၃၁) နံနက် ၅နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အင်အား ၇၀ ခန့်ရှိ​သောစခန်းရှိရဲများ​မှာသေဆုံးဒဏ်ရာရခြင်း ၊ထွက်​ပြေးခြင်းများဖြင့် အထိနာ​နေချိန်တွင်စစ်ကောင်စီတပ်က Mi 35တိုက်ခိုက်​ရေးရဟတ်ယာဥ်နှင့် ဂျက်ဖိုက်တာယာဥ်များ အသုံးပြု၍ နံနက် ၁၀ နာရီ​ကျော်တွင် စစ်ကူ​ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ရဟတ်ယာဉ်နဲ့ လာပစ်ပြီး အင်အားဖြည့်ဖို့ လူထပ်ချတယ်။ အနည်းဆုံး လေးခေါက်လောက်လာဖြည့်တယ်”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

တိုက်ပွဲအ​သေးစိပ်အ​ခြေအ​နေကို မသိရ​သေး​သော်လည်းစခန်းရှိ ရဲတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်းသေဆုံးခဲ့သည်ကို ရုပ်အလာင်းများမျက်မြင်တွေ့ခဲ့ရသည်ဟုPDF များက​ပြောသည်။ထိုအပြင်အချို့ရဲများ ထွက်​ပြေးခြင်း၊ရဲတပ်ဖွဲ့ဝင်မိသားစုအချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။စစ်ျကာင်စီရဲများထံမှ အနည်းဆုံး လက်နက် ၅လက် ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ထံမှသိရသည်။

Public Service Announcement

Public Service Announcement

ရဲစခန်း၏ ထက်ဝက်​ကျော်ကိုတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ချိန်တွင်စစ်တပ်မှ ​လေ​ကြောင်းအကူ​ရောက်လာ၍ ဗျူဟာကုန်းနှင့် ၎င်း၏ ဘန်ကာတို့ ကိုမဖျက်ဆီးနိုင်ခဲ့ဘဲ စခန်းတစ်ခုလုံးမသိမ်းနိုင်ခဲ့ခြင်းဖြစ်​ကြောင်းလည်း တိုက်ပွဲဝင်ခဲ့​သောရဲ​ဘော်များက​ပြောသည်။

တိုက်ပွဲမှာ ယ​မန်​​နေ့ည​နေပိုင်းအထိ့ဖြစ် ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အနည်းဆုံးနှစ်ဦးကျဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိသူများရှိသည်ဟုလည်းစုံစမ်းသိရှိရသည်။ ထိခိုက်မိသူအများစုမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁,၀၀၀ခန့်ရှိသည့် ကန်ရွာမှ ဒေသခံပြည်သူများမှာ ဘေးလွတ်ထွက်ပြေးတိမ်းရှောင်​နေရပြီး ယ​နေ့ (ဧပြီ ၁ ရက်)အထိမပြန်နိုင်ကြ​သေး​ကြောင်းဒေသခံများက ​ပြောသည်။

စစ်ကောင်စီဝါဒဖြန့် ဆိုရှယ်မီဒီယာ အ​ကောင့်များက ကန်ရွာတိုက်ပွဲသည် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့၍ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်​နေ​ကြောင်း မတ် ၃၁ ရက် ​နေ့ခင်းပိုင်းတွင် ဝါဒဖြန့်ချီ​နေခင်းပိုင်းတွင် သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မကွေးတိုင်းရှိ PDFများကို လက်နက်တပ်ဆင်ပေးနေပြီဖြစ်ကြောင်း ကြေညာပြီးနောက် မကွေးတိုင်းအတွင်း ပထမဦးဆုံး စခန်းသိမ်းတိုက်ပွဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ