Connect with us

Hi, what are you looking for?

သတင်း

ပြည်ကြီးတံခွန်မှ အုပ်ချုပ်ရေးမှူးကို ရှင်းလင်းစဥ် ဓားနှင့်ဝင်ခုတ်သည့် တပည့်ကိုပါ ပစ်ခတ်ခဲ့ရဟု အောင်စည်တော် စစ်ဆင်ရေးအဖွဲ့ပြော

ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်၊ ၁၃၁ လမ်း ၅၃ လမ်းနှင့် ၅၄ လမ်းကြားနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စိုးမင်းဟန်အား ယနေ့ ဧပြီ ၃ ရက်မနက်ပိုင်းတွင် တော်လှန်ရေးရဲဘော်များက သေနတ်ဖြင့် ၁၁ ချက်ပစ်ခတ်၍ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ပြည်ကြီးတံခွန်မှ အုပ်ချုပ်ရေးမှူးကို ရှင်းလင်းစဥ် ဓားနှင့်ဝင်ခုတ်သည့် တပည့်ကိုပါ ပစ်ခတ်ခဲ့ရဟု အောင်စည်တော် စစ်ဆက်ရေးအဖွဲ့ပြော
ပြည်ကြီးတံခွန်မှ အုပ်ချုပ်ရေးမှူးကို ရှင်းလင်းစဥ် ဓားနှင့်ဝင်ခုတ်သည့် တပည့်ကိုပါ ပစ်ခတ်ခဲ့ရဟု အောင်စည်တော် စစ်ဆက်ရေးအဖွဲ့ပြော

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား ရှင်းလင်းစဥ် ၎င်း၏တပည့်ဖြစ်သူက တော်လှန်ရေးရဲဘော်များအား ဓားဖြင့်ဝင်ခုတ်သောကြောင့် တပည့်ဖြစ်သူကိုပါ ပစ်ခတ်ခဲ့ရကြောင်း အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က People’s Spring သတင်းဌာနသို့ ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်၊ ၁၃၁ လမ်း ၅၃ လမ်းနှင့် ၅၄ လမ်းကြားနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စိုးမင်းဟန်အား ယနေ့ ဧပြီ ၃ ရက်မနက်ပိုင်းတွင် တော်လှန်ရေးရဲဘော်များက သေနတ်ဖြင့် ၁၁ ချက်ပစ်ခတ်၍ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရှင်းလင်းရေးလုပ်ဆောင်စဥ် စိုးမင်းဟန်၏တပည့်ဖြစ်သူ အမျိုးသားတစ်ဦးက တော်လှန်ရေးရဲဘော်များအား ဓားဖြင့်ဝင်ခုတ်သည်ကို သေနတ်ဖြင့်ပစ်ခတ်၍ ကာကွယ်ခဲ့ရသည်ဟု အောင်စည်တော်စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

“(ပစ်ခတ်မှုမှာ)စိုးမင်းဟန်ကို အရင်ထိပါတယ်။ (ဒါကို) သူ့လူက ဓားဆွဲပြီး ဝင်ခုတ်လို့ ကာကွယ်ခဲ့ရပါတယ်။ ဝင်ခုတ်တဲ့လူ မသေဘူးလို့ကြားပါတယ်”ဟု အထက်ပါတာ ဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ရှင်းလင်းခံရသော (ဆ) ရုံးအုပ်ချုပ်ရေးမှူး စိုးမင်းဟန်သည် စစ်တပ်မှထုတ်ပေးသော အပြစ်ကင်း လွတ်ခွင့်အဖွဲ့ဝင်ကဒ်ကိုင်ဆောင်ထားခြင်း၊ စစ်တပ် ထောက်တိုင် လန်ဒန်ဆေးရုံ ပိုင်ရှင်ဖြစ်ခြင်း၊ စစ်တပ်နှီးနွယ် Mytel စီးပွါးရေး Partner ဖြစ်ခြင်းနှင့် ကျူးဖျက်ရန်ဦးဆောင် အမိန့်ပေးသူဖြစ်ခြင်းတို့ကြောင့် ယခုကဲ့သို့ ရှင်းလင်ခဲ့ခြင်းဖြစ်သည်ဟု အောင်စည်တော်အဖွဲ့က အသိပေးသည်။

စိုးမင်းဟန်ထံမှ ကျပ်ငွေအချို့၊ လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် စာရွက်စာတမ်းအထောက်အထားများ သိမ်း ဆည်းရရှိခဲ့ကြောင်းလည်း အောင်စည်တော်အဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်ကြီးတံခွန်မှ အုပ်ချုပ်ရေးမှူးကို ရှင်းလင်းစဥ် ဓားနှင့်ဝင်ခုတ်သည့် တပည့်ကိုပါ ပစ်ခတ်ခဲ့ရဟု အောင်စည်တော် စစ်ဆက်ရေးအဖွဲ့ပြော
ပြည်ကြီးတံခွန်မှ အုပ်ချုပ်ရေးမှူးကို ရှင်းလင်းစဥ် ဓားနှင့်ဝင်ခုတ်သည့် တပည့်ကိုပါ ပစ်ခတ်ခဲ့ရဟု အောင်စည်တော် စစ်ဆက်ရေးအဖွဲ့ပြော

နောက်နောင်တွင် ပြည်သူများအားနှိပ်စက်ဒုက္ခပေးနေသော စသား၊ ရဲနှင့် စစ်ကောင်စီ လက်ပါးစေများအပါအဝင်၎င်း၏ထောက်တိုင်အမှိုက်များအား “အောင်စည်တော်” မှ တရစပ် ဖယ်ရှားရှင်းလင်းသွားမည်ဖြစ် ကြောင်း၊ စစ်ရေးတိုက်ခိုက်မှုများကို အရှိန်အဟုန်မြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေး ထားသည်။

ပြည်ကြီးတံခွန်(ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးစိုးမင်းဟန်သည်စစ်ကောင်စီခန့် မန္တလေးဒုမြို့တော်ဝန်ဆိုသူနှင့် ညီအစ်ကိုတော်စပ်သူလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့က ပြည်သူတွေရဲ့ နေအိမ်နေရာကိုကျူးကျော်ဆိုပြီး ဘူဒိူဇာနဲ့ထိုး သိမ်းယူခဲ့တဲ့ မြေနေရာတွေကို စစ်တပ်က ဂရမ်မြေချပြီး ပြန်လည် ရောင်းစားနေရာ ပေ၄၀×၆၀ တစ်ကွက်ကို ကျပ်သိန်း၂၀,၀၀၀ အနိမ့်ဆုံး ဈေးပေါက်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။