Connect with us

Hi, what are you looking for?

သတင်း

ပြည်ကြီးတံခွန်မြို့နယ်က ကျူးကျော်ဆိုပြီးဖျက်သိမ်းထားတဲ့မြေနေရာကို စစ်တပ်က ဂရမ် ချပေးပြီး ရောင်းချရာ ကျပ်သိန်း ၂သောင်းကျော် အထိ ဈေးပေါက်

မန္တလေးမြို့က ပြည်သူတွေရဲ့ နေအိမ်နေရာကိုကျူးကျော်ဆိုပြီး ဘူဒိူဇာနဲ့ထိုး သိမ်းယူခဲ့တဲ့ မြေနေရာတွေကို စစ်တပ်က ဂရမ်မြေချပြီး ပြန်လည် ရောင်းစားနေရာ ပေ၄၀×၆၀ တစ်ကွက်ကို ကျပ်သိန်း၂၀,၀၀၀ အနိမ့်ဆုံး ဈေးပေါက်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေက ပြောပါတယ်။

(ကျပ်သိန်း ၂သောင်းကျော်အထိ ဈေးပေါက်နေတဲ့ ကျူးကျော်ဆိုပြီး ဖျက်သိမ်းထားတဲ့ မြေနေရာတွေ။ ဓာတ်ပုံ - CJ)

ဇူလိုင်-၁၆၊၂၀၂၆၊နှင်း/People’s Spring

မန္တလေးမြို့က ပြည်သူတွေရဲ့ နေအိမ်နေရာကိုကျူးကျော်ဆိုပြီး ဘူဒိူဇာနဲ့ထိုး သိမ်းယူခဲ့တဲ့ မြေနေရာတွေကို စစ်တပ်က ဂရမ်မြေချပြီး ပြန်လည် ရောင်းစားနေရာ ပေ၄၀×၆၀ တစ်ကွက်ကို ကျပ်သိန်း၂၀,၀၀၀ အနိမ့်ဆုံး ဈေးပေါက်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေက ပြောပါတယ်။

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၁၂၈ လမ်း-၄၈ လမ်းပတ်ဝန်းကျင်က ငွေတော်ကျီကုန်း၊သင်ပန်းကုန်း နဲ့ ဇီးအုပ်ရပ်ကွက်တွေကို ကျူးကျော်ဆိုပြီး စစ်တပ်က လူမိုက်အုပ်စုတွေငှားကာ အာဏာသိမ်းပြီးကတည်း ဆက်တိုက် ဖျက်ဆီး သိမ်းယူခဲ့ကြတာပါ။

အဲဒီနောက် သိမ်းယူထားတဲ့ မြေနေရာတွေကိုအကွက်ရိုက်ကာ နှစ် ၃၀ ဂရမ်ချပေးပြီးနောက် ကျဆုံးစစ်သည်အိမ်ယာ စတင်ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။ကျဆုံးအရာရှိတွေကိုလည်း အဲဒီမြေနေရာတွေပေးခဲ့တာလို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒါက ကျဆုံးအရာရှိတွေအတွက် ချပေးထားတဲ့ အကွက်တွေလေ ။သိရသလောက်ကတော့ အဲဒီနေရာတွေက ကျဆုံးစစ်သည်၊အရာရှိတွေကို ချပေးထားတာပဲ။ဈေးကတော့ ကောင်းတယ်”လို့ အိမ်ခြံ မြေအကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။

အဲဒီနေရာမှာ ပေ၄၀-၆၀ ကွက်ကို ကျပ်သိန်း ၂၀,၀၀၀ကနေ ၃၅,၀၀၀အထိ ရောင်းချနေတာ တွေ့ရပြီး မန္တလေး မြို့က VIP နေရာလို့နာမည်ကြီးတယ်လို့ ဆိုပါတယ်။

အဲဒီရပ်ကွက်မှာ လမ်းကြားထဲကျတဲ့ မြေကွက်ဟာ ကျပ်သိန်း ၁၀၀၀၀အထိ ဈေး ပေါက်တယ်လို့ သိရပါတယ်။

” ကျွန်မတို့ရဲ့ ချွေနည်းစာလေးတွေပေါ့။အကုန်လုံးရဲ့မျက်ရည်တွေ စုထားတဲ့ မြေကွက် တွေပါ။လုပ်ရက်လိုက်ကြတာ”လို့ ၂၀၂၃က နေအိမ်ဖျက်ဆီးခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ယခင်က မန္တလေးမြို့မှာ ထန်းကိုးပင်၊ရဲမွန်တောင် နဲ့ ဗိုလ်ချုပ်ရွာတို့ဟာ ဈေးအမြင့်ဆုံးရပ်ကွက် တွေဖြစ်ပြီး ယခု မြို့ပြင် နေရာဟာ ယခုဒုတိယရဲမွန်တောင်ဆိုပြီး နာမည်ကြီးနေတာလို့ အကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။

ဒီမြေနေရာအကွက်ရိုက်ရောင်းချမှုတွေကိုလည်း စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်နဲ့ အပတ်သက် အိမ်ခြံမြေအကျိုးတော်‌ ဆောင်လုပ်ငန်းတွေက အများစု ချုပ်ကိုင်ထားကာ ပြုလုပ်နေတာလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ သေဆုံး စစ်သားဇနီးသည် တွေဟာလည်း နေအိမ်မရလို့ဆိုပြီး တပ်တွင်းတိုင်ကြားမှု တွေရှိတယ်လို့ လူမှုကွန်ရက်မှာ ပြောဆိုထားတာ တွေ့ရပါတယ်။

စစ်တပ်အရာရှိအကြီးပိုင်းတွေက သေဆုံးအရာရှိ‌ တွေရဲ့နာမည်သုံး မြေကွက်တွေအစားယူပြီး ရောင်းချတာတွေလည်းရှိပြီး အစားထိုးအိမ်ယာကိုတော့ တိုက်ခန်းတွေမှာ စစ်သားမိသားစုတချို့ပဲရတယ်လို့ စစ်သားဇနီးတွေ တစ်တော့မှာပြောဆိုထားကြတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ပြည်ကြီးတံခွန်မြို့နယ်က ပေါက်ကိုယ်တော်ရဲ့တပည့်ပျူစောထီးခေါင်းဆောင်စံရှားကို အလယ်ပိုင်းတိုင်းစစ်ဌာနကချုပ်က ဆင်းဖမ်းတဲ့အမှု ဖြစ်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဟာလည်း ပြည်ကြီးတံခွန်မြို့နယ်ထဲက မြေယာကိစ္စဖြစ်ပြီး အငြိမ်းစားဗိုလ်ချုပ်ကြီး တစ်ဦးနဲ့ ပြဿနာဖြစ်ရာက ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာ ပြည်သူနေအိမ်တွေကို ဖျက်ဆီးပြီး အပြိုင်မြေလုရာကနေ ပျူစောထီးအဖွဲ့တချို့ လက်နက်ဖြုတ်သိမ်းခံထားရသလို ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ဦးလည်း အမှုရင်ဆိုင် နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော