Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာမြို့နယ် NLDပါတီရုံးအား စစ်ကောင်စီ လက်ပါးစေများ ဖျက်ဆီး

NLD ပါတီအပါအ၀င် ပါတီ ၄၀ကို နိုင်ငံရေးပါတီအဖြစ်မှဖျက်သိမ်းကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် ရန်ကုန်နှင့်မန္တလေးမြို့တို့ရှိ NLD ပါတီရုံးအဆောက်အဦးတချို့ကို စစ်ကောင်စီ လက်ပါးစေများက လိုက်ခံဖျက်ဆီးနေသည်။

တောင်သာမြို့နယ် NLDပါတီရုံးအား စစ်ကောင်စီ လက်ပါးစေများ ဖျက်ဆီး
တောင်သာမြို့နယ် NLDပါတီရုံးအား စစ်ကောင်စီ လက်ပါးစေများ ဖျက်ဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံးအား စစ်ကောင်စီ၏ လက်ပါးစေ ရဲနှင့် အရပ်ဝတ်လူတစ်စုက ယမန်နေ့(ဧပြီ ၇ရက်) ညနက်ပိုင်းတွင် လာရောက်ဖျက်ဆီးသွားကြောင်း အဆိုပါမြို့နယ် NLD ပါတီပြန်ကြားရေးတာဝန်ခံ ဉီးဇော်ထွေးကပြောသည်။

“ည ၉နာရီ ၁၀မိနစ်လောက်မှာ ကားတစ်စီး၊ ဆိုင်ကယ်ခြောက်စီးနဲ့လာပြီး ဖျက်ဆီးတာ။ အဆောက်အဦးထောင့်တွေကို တူ‌‌တွေနဲ့ ရိုက်ဖျက်တယ်။ မှန်တွေကို ခဲတွေနဲ့ပစ်ပြီး အထဲကနေလည်း တူနဲ့ ရိုက်ချတယ်။ ရဲတွေကတော့ သေချာပေါက်ပါတယ်။ အရပ်ဝတ်တွေနဲ့လာတာပါ” ဟု ဦးဇော်ထွေးက ပြောသည်။

တောင်သာမြို့နယ် NLDပါတီရုံးအား စစ်ကောင်စီ လက်ပါးစေများ ဖျက်ဆီး
တောင်သာမြို့နယ် NLDပါတီရုံးအား စစ်ကောင်စီ လက်ပါးစေများ ဖျက်ဆီး

တောင်သာမြို့နယ် NLDရုံးသည် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ငါးကြိမ်မြောက် ဖျက်ဆီးခံရခြင်းဖြစ်သည်။ ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မိုးသူရိန်၊ မြို့မ ရဲစခန်းမှူး ရန်အေး၊ ကျောက်ပန်းတောင်းအခြေစိုက် ဒရုန်းတပ်မှ ဗိုလ်မှူးအောင်ကိုကို တို့ဦးဆောင်ပြီး ‌ရုံးသော့များဖျက်၍ ရုံးအတွင်းမှ စာရွက်စာတမ်းများနှင့် ကွန်ပြူတာ၊ ဖုန်းအပါအဝင် ရုံးသုံးပစ္စည်းများကို သိမ်းယူသွားခဲ့ပြီး ရုံးကို ချိပ်ပိတ်ခဲ့သည်။

၂၀၂၁ ဩဂုတ် ၂၁ရက်၊ ၂၂ရက်နှင့် ၂၃ရက် ညများတွင် မြို့ယ်အုပ်ချုပ်ရေးမှူး ဟန်သူရ၊ ရဲတပ်ကြပ်ကြီး စိန်အောင်မင်းနှင့်ပြည်ခိုင်ဖြိုးပါတီအမာခံများ ပူးပေါင်းပြီး ထပ်မံလာရောက်ဖျက်ဆီးခဲ့သေးသည်ဟု ဦးဇော်ထွေးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုအခါ ဧပြီ ၇ရက်တွင် အင်အား ၁၅ဦးခန့်ဖြင့် နောက်တစ်ကြိမ် ထပ်မံလာရောက်ဖျက်ဆီးခြင်းဟု ဦးဇော်ထွေးက ပြောသည်။

NLD ပါတီအပါအ၀င် ပါတီ ၄၀ကို နိုင်ငံရေးပါတီအဖြစ်မှဖျက်သိမ်းကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် ရန်ကုန်နှင့်မန္တလေးမြို့တို့ရှိ NLD ပါတီရုံးအဆောက်အဦးတချို့ကို စစ်ကောင်စီ လက်ပါးစေများက လိုက်ခံဖျက်ဆီးနေသည်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ NLD ပါတီရုံးကို ဧပြီ ၅ ရက်ညတွင် စစ်ကောင်စီအုပ်စုက သေနတ်များပစ်ဖောက်ပြီး လာရောက်ဖျက်ဆီးသွားခဲ့သည်။ ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်းမကြီးပေါ်ရှိ NLD ပါတီမန္တလေးတိုင်းရုံးအဆောက်အဦးမှ ပါတီဆိုင်းဘုတ်လည်း ဧပြီ ၃ ရက် ညပိုင်းတွင် စစ်အုပ်စုက ဖြုတ်ချဖျက်ဆီးသွားကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။