Connect with us

Hi, what are you looking for?

သတင်း

မြဝတီအနီး ကျေးရွာတွင် တိုက်ပွဲပြင်းထန်ပြီး လေကြောင်းကပါ တိုက်ခိုက်နေ

စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းစစ်ကြောင်းတို့အကြား စစ်ရေးတင်းမာမှုများရှိနေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေ မဲကနယ်ကျေးရွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြဝတီအနီး ကျေးရွာတွင် တိုက်ပွဲပြင်းထန်ပြီး လေကြောင်းကပါ တိုက်ခိုက်နေ
မြဝတီအနီး ကျေးရွာတွင် တိုက်ပွဲပြင်းထန်ပြီး လေကြောင်းကပါ တိုက်ခိုက်နေ

မြ၀တီမြို့အနီး၊ မဲကနယ်ကျေးရွာကို ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းစစ်ကြောင်းတို့အကြား စစ်ရေးတင်းမာမှုများရှိနေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေ မဲကနယ်ကျေးရွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယနေ့ ဧပြီ ၁၁ ရက် မနက်ပိုင်းက မဲကနယ်ကျေးရွာဘက်ခြမ်းသို့ စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာလေယာဉ်နှစ်စီးဖြင့် နံနက်(၇)နာရီ (၃၂)မိနစ်တွင် တစ်ကြိမ်၊ (၇)နာရီ (၃၉)မိနစ်တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ပစ်ခတ်မှုကြောင့် လတ်တလောတွင် ထိခိုက်မှုကို မသိရှိရသေးဘဲ ကျေးရွာအတွင်းပိုင်းတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီလ(၄)ရက်နေ့ကနေ (၉)ရက်နေ့အတွင်း တိုက်ပွဲများပြင်းထန်နေခဲ့ပြီး ကနယ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)က စစ်ကြောင်း(၃)ကြောင်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်နက်ကြီးများနှင့်ပါပစ်ကူခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်တိုက်ပွဲပြင်းထန်မှုကြောင့် သင်္ဃန်းညီနောင်၊ ဖားချောင်း၊ မဲကနယ်၊ နို့ဖိုး(ကွင်းကလေး) စသောကျေးရွာများမှ ဒေသခံပြည်သူများသည် ပြီးခဲ့သည့်မတ်လကုန်ပိုင်းမှစ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး တိမ်းရှောင်နေရသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးတကြီးလိုအပ်လျက်ရှိနေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။