Connect with us

Hi, what are you looking for?

သတင်း

BPLA (၂) နှစ်ပြည့်အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် NUG တို့ ဂုဏ်ပြုသဝဏ်လွှာများပေးပို့

ယနေ့(ဧပြီ ၁၇ ရက်)ကျရောက်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို အမှတ်(၁၀၇)စစ်ဒေသနှင့် နိုင်ငံရေးမှူးရုံးတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း BPLA က သတင်းထုတ်ပြန်သည်။

(ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏၂ နှစ်ပြည့်တပ်တော်နေ့အခမ်းအနားပြုလုပ်​နေစဥ်။ဓာတ်ပုံ - မာနော်)
(ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏၂ နှစ်ပြည့်တပ်တော်နေ့အခမ်းအနားပြုလုပ်​နေစဥ်။ဓာတ်ပုံ - မာနော်)

▪︎မဟာမိတ်များနှင့်လက်တွဲ၍ စစ်​ကောင်စီကိုတိုက်ခိုက်​နေ​ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကွပ်ကွဲရေးမှူး မောင်ဆောင်းခက​ပြောကြား

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ ၂ နှစ်ပြည့်တပ်တော်နေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနတို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့သည်။

ယနေ့(ဧပြီ ၁၇ ရက်)ကျရောက်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို အမှတ်(၁၀၇)စစ်ဒေသနှင့် နိုင်ငံရေးမှူးရုံးတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း BPLA က သတင်းထုတ်ပြန်သည်။

BPLA သည် (၂)နှစ်အတွင်း စစ်ဒေသနှစ်ခုသတ်မှတ်နိုင်ခဲ့ပြီး မဟာမိတ်များနှင့်လက်တွဲကာ စစ်ကောင်စီကို တိုက်ထုတ်နေကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကွပ်ကွဲရေးမှူး မောင်ဆောင်းခက ပြောသည်။

(ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏၂ နှစ်ပြည့်တပ်တော်နေ့အခမ်းအနားပြုလုပ်​နေစဥ်။ဓာတ်ပုံ - မာနော်)
(ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏၂ နှစ်ပြည့်တပ်တော်နေ့အခမ်းအနားပြုလုပ်​နေစဥ်။ဓာတ်ပုံ – မာနော်)

“လက်ရှိမှာဆိုရင် အပတ်စဥ်(၅)မကြာခင်ပြီးတော့မှာဖြစ်သလို အခြားသော အဆင့်မြင့်သင်တန်းများလည်း ပြုလုပ်လျက်ရှိပါတယ်။ ကျနော်တို့ရဲ့စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ ဗမာဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စနစ်တကျပူးတွဲပြီး အဲ့ဒီဘက်မှာတိုက်ပွဲဖော်ဆောင်နိုင်ဖို့ကိုလည်း ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ၎င်းက BPLA ၏ လုပ်ဆောင်နေမှုကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

BPLA သည် စစ်အာဏာရှင်စနစ်အား အခြားသော ညီနောင်မဟာမိတ်တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်တွဲညီညီ ခုခံတွန်းလှန် တိုက်ပွဲဝင်လျက် အနာဂတ်ဖက်ဒရယ် တပ်မတော်တွင်ကြီးကြီးမားမားအားဖြည့်ကူညီနိိုင်ပါစေဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့သည်။

Public Service Announcement
Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထူထောင်ရာတွင် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးကူညီလက်တွဲခေါ်ယူပေးသော ညီနောင်မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို ဗမာပြည်သူလူထုကိုယ်စားမမေ့ မလျော့ကျေးဇူးတင်ရှိနေမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့(MNDAA၊ TNLA၊ AA)ကလည်း ဗမာပြည်သူလူထုများနှင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖေးမမှု၊ ဝန်းရံပံ့ပိုးပေးမှု၊ ယုံကြည်မှုကို ရရှိထားသည့် BPLA သည် တိုက်ပွဲအတွေ့အကြုံအတန်အသင့်ရရှိထားပြီး ယင်းအဖွဲ့အစည်းကို ဦးဆောင်နေကြသူများနှင့် BPLA တပ်ဖွဲ့ဝင်များအားလုံး၏ စည်းလုံးညီညွတ်မှု၊ ကြိုးပမ်းအားထုတ်မှု၊ တော်လှန်ရေးစည်းကမ်းလိုက်နာနိုင်မှုများကို တန်ဖိုးထားအသိအမှတ်ပြုကြောင်း သဝဏ်လွှာပေးပို့သည်။

(ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏၂ နှစ်ပြည့်တပ်တော်နေ့အခမ်းအနားပြုလုပ်​နေစဥ်။ဓာတ်ပုံ - မာနော်)
(ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏၂ နှစ်ပြည့်တပ်တော်နေ့အခမ်းအနားပြုလုပ်​နေစဥ်။ဓာတ်ပုံ – မာနော်)

BPLA အနေဖြင့် မြန်မာပြည်သူတစ်ရပ်လုံးလိုလားသော အနာဂတ်မျှော်မှန်းချက်များကို အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလုပ်ငန်းများတွင် ယခုထက်ပိုမို ဆောင်ရွက်နိုင်ပါစေကြောင်း၊ တိိုင်းပြည်သစ်နှင့် ပြည်သူ့အတွက် တည့်မတ်မှန်ကန်သော ရပ်တည်ချက်များဖြင့် ဦးဆောင်အလုပ်လုပ်ပေးနိုင်သည့် အဖွဲ့အစည်းဖြစ်ပါစေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲဲ့က ဆုမွန်ကောင်းတောင်းသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲကလည်း BPLA ၏ ၂ နှစ်ပြည့်တပ်တော်နေ့ အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook