Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေ

ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းကလည်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းရှိ ဆောင်းဖွေးကျေးရွာ ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။

(စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် နေသည့် ဒီးမော့ဆို အနောက်ဘက်ခြမ်းနေရာ အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် နေသည့် ဒီးမော့ဆို အနောက်ဘက်ခြမ်းနေရာ အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️စစ်ဘေးရှောင်ပြည်သူအချို့ ထိခိုက်မှုရှိဟုဆို

ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း၌ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်၍ စစ်ဘေးရှောင်ပြည်သူအချို့ ထိခိုက်မှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဧပြီ ၂၉ ရက်)နံနက် ၉ နာရီခန့်ကစ၍ နေ့လည်ပိုင်းအထိ တိုက်လေယာဥ်များဖြင့် လေးကြိမ် ထက်မနည်း ဗုံးကြဲခြင်းများအပါအဝင် စက်သေနတ်များပါ အသုံးပြုပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ပြည်သူအချို့ အထိအခိုက်ရှိတယ်လို့ ကနဦးသိရ တယ်။အခုလည်း ကင်းထောက်လေယာဉ်ပျံဝဲနေပါတယ်။လက်နက်ကြီးနဲ့လည်း အဆက်မပြတ်ပစ်ခတ်နေပါတယ်”ဟု ကရင်နီလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ယခုကဲ့သို့ ဒေသခံပြည်သူများအပေါ် တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ရည်ရွယ်ချက် ရှိရှိပြုလုပ်ခြင်းဖြစ်ပြီး ယမန်နေ့ကတည်းက ဒီးမော့ဆိုအနောက်ဘက်ခြမ်းသို့ ကင်းထောက်လေယာဥ်ဖြင့် ထောက်လှမ်းခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

‌”ဒီးမော့ဆိုအနောက်ခြမ်းကို စကစ ကင်းထောက် လေယာဉ်ပျံဝဲနေတယ်။အချိန်အတော်ကြာပြီ။အရင်ရက်ကလည်း နေ့တပိုင်းနီးပါး ပျံဝဲပြီး ပစ်မှတ်တည်နေရာ ယူပုံရတယ်။ဒါက စစ်ရေးပစ်မှတ်မဟုတ်ဘဲ လူထုနေရာ စစ်ဘေးရှောင်နေရာကို အကြမ်းဖက်တာ”ဟု ဒီးမော့ဆိုမြို့နယ်စစ်ဘေးရှောင်ကူညီရေး အဖွဲ့တာဝန်ရှိသူက အသိပေးသည်။

ထို့အပြင် ယခုလ ၂၇ ရက်ညပိုင်းက ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှ စစ်ဘေးရှောင် နေရာတစ်ခု တိုက်ခိုက်ခံရပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းကလည်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းရှိ ဆောင်းဖွေးကျေးရွာ ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးမှာ စစ်တပ်က ရှေ့တိုးဖို့ကြိုးပမ်းလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က ထိုးစစ်ဆင်နေတဲ့ KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့တောင်ဘက်က မင်းလက်ပံရွာမှာ မနေ့(ဧပြီလ ၁၄)ရက်က စစ်တပ်က ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အရပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။