Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

စက်တင်ဘာ -၂၈၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၂၈ ရက်)မနက်ပိုင်းကတည်းကနေ နေ့လယ် ၁၂ နာရီခွဲခန့်အထိ အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေနဲ့ စစ်ရှောင်ပြည်သူတွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းရှိနေတယ်လို့ ဆိုပါတယ်။

” ဘာတိုက်ပွဲမှ မရှိဘူး။အဲဒီဘက်က စစ်ရှောင်တွေ အများစုနေကြတာ”လို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာအကြောင်း သိရှိတဲ့ ကရင်နီဒေသခံတစ်ဦးက ‌ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်း၊လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေဟာ နေ့စဉ်နီးပါး လုပ်နေပြီး အရပ်သားတွေကို ပစ်မှတ်ထားနေတာလို့ ကရသ်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာ၀န်ရှိသူက လူထုနွေဦးကို အသိပေးပါတယ်။

“လေကြာင်းတိုက်ခိုက်မှု၊ ဒရုန်း လက်နက်ကြီးတိုက်ခိုက်မှုတွေကတော့ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်တွေမှာ ခစိပ်စိပ်ဖြစ်နေပါတယ််ခင်ဗျ။ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ စစ်ကောင်စီဘက်က တိုက်ခိုက်တာပေါ့”လို့ သူက ပြောပါတယ်။

အခုစက်တင်ဘာ အတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီး ဒေသမှာ ကလေးငယ်တွေ အပါအ၀င် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။

လက်ရှိ စစ်တပ်ဟာ မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့မှုရှိပါတယ်။

စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ ရှမ်း-ကရင်နီနယ်စပ် အပါအ၀င် ဒီးမော့ဆို၊လွိုင်ကော် မြို့နယ် နေရာတချို့ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ် ခတ်တာတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

သတင်း

မီးထဲပါသွားတဲ့အလောင်းတချို့ ဆွဲထုတ်မရနိုင်သေးတာမို့ သေဆုံးသူထပ်တိုးနိုင်သေး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

Facebook