Connect with us

Hi, what are you looking for?

သတင်း

ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးမုန်တိုင်းအဆင့်အထိအားကောင်းလာနိုင်ကြောင်းသတိ​ပေး

မုန်တိုင်းဖြစ်ပြီးနောက် မေလ ၁၂ ရက် နေ့လည်ပိုင်းမှစတင်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှ ကုန်းတွင်းသို့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SEVERE CYCLONIC STORM)အဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်‌ကြောင်း MMWeather က ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးမုန်တိုင်းအဆင့်အထိအားကောင်းလာနိုင်ကြောင်းသတိ​ပေး
ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးမုန်တိုင်းအဆင့်အထိအားကောင်းလာနိုင်ကြောင်းသတိ​ပေး

ဘင်္ဂလားပင်လယ်အော်တွင်လာမည့်ရက်အနည်းငယ်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ပြီး မုန်တိုင်းအဆင့်အထိ အားကောင်းလာနိုင်ကာ မြန်မာနိုင်ငံအတွက် လေပြင်းဘေး ကျရောက်နိုင်ကြောင်း မိုးလေဝသဆိုင်ရာကွန်ပြူတာမော်ဒယ်များနှင့် ရာသီဥတုဆိုင်ရာလေ့လာသူများက ကြိုတင်သတိပေးထားသည်။

မိုးလေဝသဆိုင်ရာ ကွန်ပြူတာမော်ဒယ်တစ်ခုဖြစ်‌ သော ECMWF Forecast model ၏ မေလ ၂ရက် ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မေလ ၈ ရက်နေ့မှစ၍ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်သည်ဟု တွက်ချက်ခန့်မှန်းထားသည်။ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ပိုအာကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအထိ ဖြစ်လာနိုင်ကြောင်းဖော်ပြထားသည်။ လတ်တလော ခန့်မှန်းချက်များအရ အဆိုပါလေဖိအားနည်းရပ်ဝန်းမှ ဖြစ်လာမည့် မုန်တိုင်းကြောင့် ရခိုင်ကမ်းရိးတန်းဒေသများတွင် မိုး‌နှင့်လေပြင်းဘေးသတိပြုရန် ကြိုတင်သတိပေးချက်များရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း လာမည့်မေလ ၈-၁၄ ရက်အတွင်းဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်လာနိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိ လာနိုင်ခြေရှိသည်ဟု ကနဦးသတင်းထုတ်ပြန်ထားသည်။

မုန်တိုင်းဖြစ်ပြီးနောက် မေလ ၁၂ ရက် နေ့လည်ပိုင်းမှစတင်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှ ကုန်းတွင်းသို့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SEVERE CYCLONIC STORM)အဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်‌ကြောင်း MMWeather က ခန့်မှန်းထားသည်။

Public Service Announcement

Public Service Announcement

“ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်ချိန်မှာ မြေပြင်လေတစ်နာရီ မိုင် ၁၁၀ အထိရှိနိုင်မယ်ဆိုတဲ့ ခန့်မှန်းချက်အသစ်ထွက်ပေါ်လာပါတယ်” ဟု MMWeather က ဆိုသည်။

ECMWF Model ခန့်မှန်းချက်အရ ဧရာဝတီတိုင်း အနောက်ဘက်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် လေပြင်းကျခြင်း၊ လှိုင်းကြီးခြင်းနှင့်မုန်တိုင်းဒီရေမြင့်တက်ခြင်းများ ဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းဒေသများတွင်လည်း မိုးသည်းထန်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ တောင်ကျချောင်းရေများကျဆင်းခြင်း၊ တောင်ပြို/မြေပြိုခြင်းတို့လည်း သတိပြုနေထိုင်ရန်MMWeather က သတိပေးထားသည်။

ခန့်မှန်းချက်များအတိုင်းလေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်လာပါက ဘဂ်လားပင်​အော်တွင် ၂၀၂၃ ခုနှစ်အတွင်းပထမဆုံးမုန်တိုင်းဖြစ်လာမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းမေလ ၁၇ရက်မတိုင်ခင်အထိ မိုးကြီးနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကသတိ​ပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျမေကာ နိုင်ငံဆီ ဦးတည်ရွေ့လျားနေတဲ့ ဟာရီကိန်း မယ်လစ်ဆာဟာ အခုနှစ်ရဲ့ အင်အား အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်လာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံဟာ ရက်အနည်းငယ် အတွင်းမှာတင် တတိယမြောက် မုန်တိုင်းတစ်ခု ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကို ကြုံတွေ့ခဲ့ပါတယ်။