Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ထားဝယ်အထူးစီးပွားရေးဇုန်အနီး လေကြောင်းမှဗုံးကြဲ

ယနေ့(မေ ၁၄)နံနက် ၈ နာရီ ၂၆ မိနစ်ခန့်က စစ်ကောင်စီ၏ ဂျက်လေယာဉ်တစ်စီး ထားဝယ်အထူးစီးပွားရေးဇုန်အနီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(နဘုလယ်​ဒေသကို Google Map ​တွင်​တွေ့ရပုံ/ စစ်တပ်ကချင်းပြည်နယ်တွင် မတ်လအတွင်း​လေ​ကြောင်းမှဗုံးကျဲ​နေမှု။ဓါတ်ပုံ-CDF)
(နဘုလယ်​ဒေသကို Google Map ​တွင်​တွေ့ရပုံ/ စစ်တပ်ကချင်းပြည်နယ်တွင် မတ်လအတွင်း​လေ​ကြောင်းမှဗုံးကျဲ​နေမှု။ဓါတ်ပုံ-CDF)

▪︎တနသ်ာရီတိုင်းအတွင်းစစ်တပ်က ပထမဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်

ထားဝယ်အထူးစီးပွားရေးဇုန်အနီးကို စစ်ကောင်စီတပ်က ယနေ့မနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၁)T1 ဇုန်မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ အတည်ပြုပြောသည်။

ယနေ့(မေ ၁၄)နံနက် ၈ နာရီ ၂၆ မိနစ်ခန့်က စစ်ကောင်စီ၏ ဂျက်လေယာဉ်တစ်စီး ထားဝယ်အထူးစီးပွားရေးဇုန်အနီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“လေယာဉ်က Jet Fighter အမျိုးအစားဖြစ်ပြီး မြိတ်လေတပ်စခန်းကနေ ပျံတက်လာတာလို့ သိရတယ်။ ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် မြိတ်ဘက်ကို ပျံတက်သွားတယ်”ဟု T1 ဇုန်မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

(နဘုလယ်​ဒေသကို Google Map ​တွင်​တွေ့ရပုံ/ စစ်တပ်ကချင်းပြည်နယ်တွင် မတ်လအတွင်း​လေ​ကြောင်းမှဗုံးကျဲ​နေမှု။ဓါတ်ပုံ-CDF)
(နဘုလယ်​ဒေသကို Google Map ​တွင်​တွေ့ရပုံ/ စစ်တပ်ကချင်းပြည်နယ်တွင် မတ်လအတွင်း​လေ​ကြောင်းမှဗုံးကျဲ​နေမှု။ဓါတ်ပုံ-CDF)

အဆိုပါလေကြောင်းပစ်ခတ်မှုတွင် ဗုံးသီးနှစ်လုံးကို တစ်ကြိမ်တည်း ကြဲချခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများနှင့် အိုးအိမ်များ ထိခိုက်ပျက်စီးမှုရှိ မရှိမသိရသေးဟု ၎င်းတာဝန်ရှိသူက ဆို သည်။

Public Service Announcement

Public Service Announcement

စစ်တပ်က လေကြောင်းမှပစ်ခတ်ခဲ့သည့်နေရာသည် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင်တည်ရှိပြီး အထူးစီးပွားရေးဇုန်အနီးဝန်းကျင်သည် တော်လှန် ရေးတပ်ဖွဲ့များ မကြာခဏတိုက်ပွဲဖော်ဆောင်မှုကြောင့် စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိတော့သည် ဒေသတစ်ခုလည်းဖြစ်ကြောင်း T1 ဇုန်မှ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါဒေသတွင် စစ်ကောင်စီတပ်က မေလဒုတိယပတ်ထဲက အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာရာ ထားဝယ်ခရိုင် တပ်ရင်း (၁)နှင့် မဟာမိတ်တပ်ဖွဲ့များက အပြင်းအထန်ခုခံတိုက်ခိုက်လျှက်ရှိပြီး စစ်ကောင်စီတပ်မှ အထိနာလျှက်ရှိကြောင်း မြေပြင်တပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

စစ်ကောင်စီက တနင်္သာရီတိုင်းတွင်း ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး တနသ်ာရီစစ်ဒေသခွဲမှ အရေးပေါ် စစ်ရေးသတင်းထုတ်ပြန်ချက်တစ်စောင်ကို ယနေ့နံနက်ပိုင်းတွင်သည်။

“ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုး ရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောလေကြောင်းရန်ကာကွယ်ရေးနည်းစနစ်များကို လိုက် နာပူးပေါင်းဆောင်ရွက်ကြရန် အရေးပေါ်သတင်း ထုတ်ပြန်အပ်ပါသည်”ဟု ဖော်ပြသည်။

ထို့အပြင် လက်ရှိ လေကြောင်းမှပစ်ခတ်ခံခဲ့ရသောထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ နဘုလယ်ဒေသမှ ဒေသခံများမှာ မေ ၁၃ ရက် ညကတည်းက ‌ရပ်ရွာစွန့်ခွာ၍ ပြေးလွှားပုန်းခိုနေကြရကြောင်းလည်း အသိပေးထားပြီး ဘေးလွတ်ရာပြေးနေရသည့် ပြည်သူအရေအတွကိကိုမူ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။