Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက ထားဝယ်အထူးစီးပွားရေးဇုန်အနီး လေကြောင်းမှဗုံးကြဲ

ယနေ့(မေ ၁၄)နံနက် ၈ နာရီ ၂၆ မိနစ်ခန့်က စစ်ကောင်စီ၏ ဂျက်လေယာဉ်တစ်စီး ထားဝယ်အထူးစီးပွားရေးဇုန်အနီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(နဘုလယ်​ဒေသကို Google Map ​တွင်​တွေ့ရပုံ/ စစ်တပ်ကချင်းပြည်နယ်တွင် မတ်လအတွင်း​လေ​ကြောင်းမှဗုံးကျဲ​နေမှု။ဓါတ်ပုံ-CDF)
(နဘုလယ်​ဒေသကို Google Map ​တွင်​တွေ့ရပုံ/ စစ်တပ်ကချင်းပြည်နယ်တွင် မတ်လအတွင်း​လေ​ကြောင်းမှဗုံးကျဲ​နေမှု။ဓါတ်ပုံ-CDF)

▪︎တနသ်ာရီတိုင်းအတွင်းစစ်တပ်က ပထမဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်

ထားဝယ်အထူးစီးပွားရေးဇုန်အနီးကို စစ်ကောင်စီတပ်က ယနေ့မနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၁)T1 ဇုန်မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ အတည်ပြုပြောသည်။

ယနေ့(မေ ၁၄)နံနက် ၈ နာရီ ၂၆ မိနစ်ခန့်က စစ်ကောင်စီ၏ ဂျက်လေယာဉ်တစ်စီး ထားဝယ်အထူးစီးပွားရေးဇုန်အနီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“လေယာဉ်က Jet Fighter အမျိုးအစားဖြစ်ပြီး မြိတ်လေတပ်စခန်းကနေ ပျံတက်လာတာလို့ သိရတယ်။ ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် မြိတ်ဘက်ကို ပျံတက်သွားတယ်”ဟု T1 ဇုန်မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

(နဘုလယ်​ဒေသကို Google Map ​တွင်​တွေ့ရပုံ/ စစ်တပ်ကချင်းပြည်နယ်တွင် မတ်လအတွင်း​လေ​ကြောင်းမှဗုံးကျဲ​နေမှု။ဓါတ်ပုံ-CDF)
(နဘုလယ်​ဒေသကို Google Map ​တွင်​တွေ့ရပုံ/ စစ်တပ်ကချင်းပြည်နယ်တွင် မတ်လအတွင်း​လေ​ကြောင်းမှဗုံးကျဲ​နေမှု။ဓါတ်ပုံ-CDF)

အဆိုပါလေကြောင်းပစ်ခတ်မှုတွင် ဗုံးသီးနှစ်လုံးကို တစ်ကြိမ်တည်း ကြဲချခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများနှင့် အိုးအိမ်များ ထိခိုက်ပျက်စီးမှုရှိ မရှိမသိရသေးဟု ၎င်းတာဝန်ရှိသူက ဆို သည်။

Public Service Announcement

Public Service Announcement

စစ်တပ်က လေကြောင်းမှပစ်ခတ်ခဲ့သည့်နေရာသည် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင်တည်ရှိပြီး အထူးစီးပွားရေးဇုန်အနီးဝန်းကျင်သည် တော်လှန် ရေးတပ်ဖွဲ့များ မကြာခဏတိုက်ပွဲဖော်ဆောင်မှုကြောင့် စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိတော့သည် ဒေသတစ်ခုလည်းဖြစ်ကြောင်း T1 ဇုန်မှ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါဒေသတွင် စစ်ကောင်စီတပ်က မေလဒုတိယပတ်ထဲက အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာရာ ထားဝယ်ခရိုင် တပ်ရင်း (၁)နှင့် မဟာမိတ်တပ်ဖွဲ့များက အပြင်းအထန်ခုခံတိုက်ခိုက်လျှက်ရှိပြီး စစ်ကောင်စီတပ်မှ အထိနာလျှက်ရှိကြောင်း မြေပြင်တပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

စစ်ကောင်စီက တနင်္သာရီတိုင်းတွင်း ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး တနသ်ာရီစစ်ဒေသခွဲမှ အရေးပေါ် စစ်ရေးသတင်းထုတ်ပြန်ချက်တစ်စောင်ကို ယနေ့နံနက်ပိုင်းတွင်သည်။

“ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုး ရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောလေကြောင်းရန်ကာကွယ်ရေးနည်းစနစ်များကို လိုက် နာပူးပေါင်းဆောင်ရွက်ကြရန် အရေးပေါ်သတင်း ထုတ်ပြန်အပ်ပါသည်”ဟု ဖော်ပြသည်။

ထို့အပြင် လက်ရှိ လေကြောင်းမှပစ်ခတ်ခံခဲ့ရသောထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ နဘုလယ်ဒေသမှ ဒေသခံများမှာ မေ ၁၃ ရက် ညကတည်းက ‌ရပ်ရွာစွန့်ခွာ၍ ပြေးလွှားပုန်းခိုနေကြရကြောင်းလည်း အသိပေးထားပြီး ဘေးလွတ်ရာပြေးနေရသည့် ပြည်သူအရေအတွကိကိုမူ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။