Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့ဂုဏ်ရည်ဆုရှင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းရရှိသော ကန်ဒေါ်လာတစ်သောင်းကို CDM များအတွက် ပြန်လည်ပေးအပ်

ယမန်နေ့(မေလ ၂၁ ရက်)တွင်အမေရိကန်ပြည်ထောင်စု၌ ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးက ၎င်းရရှိသော ဆုငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကို CDM ဝန်ထမ်းများအတွက် တစ်ခါတည်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။

(၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားတက်​ရောက်လာ​သော ဦး​ကျော်မိုးထွန်း။ ဓါတ်ပုံ-NUG)
(၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားတက်​ရောက်လာ​သော ဦး​ကျော်မိုးထွန်း။ ဓါတ်ပုံ-NUG)

၂၀၂၃ ပြည်သူ့ဂုဏ်ရည်ဆုရှင် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၎င်းရရှိသော ဆုငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကို CDM ဝန်ထမ်းများအတွက် ပြန်လည်ပေးအပ်လှူဒါန်းခဲ့သည်။

ယမန်နေ့(မေလ ၂၁ ရက်)တွင်အမေရိကန်ပြည်ထောင်စု၌ ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးက ၎င်းရရှိသော ဆုငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကို CDM ဝန်ထမ်းများအတွက် တစ်ခါတည်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်အနေနဲ့ ခံယူတာက ဒီဆုက ကျွန်တော့်ကို ပေးတယ်လို့ အမည်တပ်တယ်။ ဒါပေမဲ့ ကျွန်တော်ခံယူတာက တော်လှန်ရေးလုပ်နေတဲ့ ပြည်သူတွေ အထူးသဖြင့် CDM တွေ၊ ကျွန်တော်တို့ မြို့ပေါ်တွေ၊ ကျေးလက်ဒေသတွေသာမက လွတ်မြောက်နယ်မြေတွေမှာ အဆုံး ပုံစံအမျိုးအမျိုးနဲ့ တော်လှန်ရေးအတွက်၊ အကြမ်းဖက်စစ်တပ်၊ စစ်အာဏာရှင်စနစ် ကျဆုံးဖို့အတွက်၊ကျွန်တော်တို့ဒီမိုကရေစီပြန်လည်ရရှိဖို့အတွက်၊ ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်နိုင်ဖို့အတွက်၊ ကဏ္ဍအသီးသီးကနေ ဆောင်ရွက်နေတဲ့ ပြည်ပမှာ ရှိတဲ့သူတွေ အပါအဝင် အဲဒီလူတွေအတွက်ပေးတယ်လို့ ကျွန်တော်ခံယူပါတယ်။ဒါ့ကြောင့်ဒီဆုဟာပြည်သူတွေကို ပေးတဲ့ဆုပါ။အရမ်းကိုကျေးဇူးတင်ပါတယ်။ ပြည်သူတွေကို ပေးတဲ့ဆုဖြစ်တဲ့အတွက်ကြောင့်” ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက အထက်ပါအခမ်းအနား၌ ပြောသည်။

ပြည်သူ့ဂုဏ်ရည်အသင်းက ပေးအပ်သောဂုဏ်ပြုဆုငွေဒေါ်လာတစ်သောင်းကို အမျိုးသားညီညွတ်ရေးအစိုးရမှတဆင့်ပြန်လည်ပေးအပ်လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။သံအမတ်ကြီးဦးကျော်မိုထွန်းသည် တော်လှန်ရေးကာလအစကတည်းကပြည်သူနှင့်အတူတသားတည်းရပ်တည်ခဲ့သော ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်သည်ဟု NUG နိုင်ငံခြားရေးက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေး၏ စ ဦး တိုက်ပွဲဖြစ်သည့် အဓမ္မစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသောပြည်သူ့ဝန်ထမ်းများကို ဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ်၊ ကမ္ဘာ့အလယ်တွင် CDMလှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို “ပြည်သူ့ဂုဏ်ရည်ဆု” ဖြင့်ဂုဏ်ပြု ချီးမြှင့်လိုက်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့က မေလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Facebook