Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ​လေ​ကြောင်းဖြင့်တိုက်ခိုက်​နေ၍ ပြည်သူများပုန်းခိုကျင်းများတူးထားရန်နှင့် တိုက်ပွဲဧရိယာနှင့်​ဝေးရာသို့တိမ်း​ရှောင်ကြရန် ပင်လည်ဘူး PDF ထုတ်ပြန်

“မိမိတို့ PDF တွေအနေနဲ့ တိမ်းရှောင်နိုင်ပေမဲ့ ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများ တူးထားကြရန်နှင့် တိုက်ပွဲဖြစ်သော နေရာများနဲ့ ဝေရာသို့ တိမ်းရှောင်ကြရန် တိုက်တွန်းလိုပါတယ်”ဟု တိုက်တွန်းထားသည်။

ပင်လည်ဘူးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုအတွင်း PDFဘက်မှ ထိခိုက်မှုမရှိသော်လည်း ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများတူးထားကြရန်နှင့် တိုက်ပွဲဧရိယာနှင့် ဝေးရာသို့ တိမ်းရှောင်ကြရန် ပင်လည်ဘူး PDF က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ပင်လည်ဘူးပါဝင်သည့် ကောလင်းခရိုင်တစ်ခုလုံးကို စက်တင်ဘာ ၂၆ ရက် နံနက်ကစ၍ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ဖြတ်တောက်ပြီး စစ်အင်အားအင်အား​ထောင်ချီအသုံးပြုကာ ဂျက်လေယာဥ်များနှင့် ထိုးစစ်ဆင်ခဲ့သည်ဟု ပင်လည်ဘူး PDFက ကနဦး ထုတ်ပြန်ခဲ့သည်။

ထို့နောက်တိုက်ပွဲနောက်ဆက်တွဲအခြေအနေကို စက်တင်ဘာ၂၆ ရက်ညနက်ပိုင်းတွင် ထပ်မံထုတ်ပြန်ရာ ပင်လည်ဘူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်များ နှင့် တိုက်ပွဲတွင် ကောလင်း၊ဝန်းသိုနှင့်ပင်လည်ဘူး မြို့နယ်များမှ PDFများ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပြီး PDFဘက်မှ ထိခိုက်မှုမရှိဟု လူထုအား အသိပေးထားသည်။

ထို့အပြင် တိုက်ပွဲကာလအတွင်း ပြည်သူလူထုဘေးကင်းစေရေးအတွက် ပင်လည်ဘူး PDFက အောက်ပါအတ်ိုင်းတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

“မိမိတို့ PDF တွေအနေနဲ့ တိမ်းရှောင်နိုင်ပေမဲ့ ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများ တူးထားကြရန်နှင့် တိုက်ပွဲဖြစ်သော နေရာများနဲ့ ဝေရာသို့ တိမ်းရှောင်ကြရန် တိုက်တွန်းလိုပါတယ်”ဟု တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။