Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်က ​လေ​ကြောင်းဖြင့်တိုက်ခိုက်​နေ၍ ပြည်သူများပုန်းခိုကျင်းများတူးထားရန်နှင့် တိုက်ပွဲဧရိယာနှင့်​ဝေးရာသို့တိမ်း​ရှောင်ကြရန် ပင်လည်ဘူး PDF ထုတ်ပြန်

“မိမိတို့ PDF တွေအနေနဲ့ တိမ်းရှောင်နိုင်ပေမဲ့ ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများ တူးထားကြရန်နှင့် တိုက်ပွဲဖြစ်သော နေရာများနဲ့ ဝေရာသို့ တိမ်းရှောင်ကြရန် တိုက်တွန်းလိုပါတယ်”ဟု တိုက်တွန်းထားသည်။

ပင်လည်ဘူးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုအတွင်း PDFဘက်မှ ထိခိုက်မှုမရှိသော်လည်း ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများတူးထားကြရန်နှင့် တိုက်ပွဲဧရိယာနှင့် ဝေးရာသို့ တိမ်းရှောင်ကြရန် ပင်လည်ဘူး PDF က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ပင်လည်ဘူးပါဝင်သည့် ကောလင်းခရိုင်တစ်ခုလုံးကို စက်တင်ဘာ ၂၆ ရက် နံနက်ကစ၍ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ဖြတ်တောက်ပြီး စစ်အင်အားအင်အား​ထောင်ချီအသုံးပြုကာ ဂျက်လေယာဥ်များနှင့် ထိုးစစ်ဆင်ခဲ့သည်ဟု ပင်လည်ဘူး PDFက ကနဦး ထုတ်ပြန်ခဲ့သည်။

ထို့နောက်တိုက်ပွဲနောက်ဆက်တွဲအခြေအနေကို စက်တင်ဘာ၂၆ ရက်ညနက်ပိုင်းတွင် ထပ်မံထုတ်ပြန်ရာ ပင်လည်ဘူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်များ နှင့် တိုက်ပွဲတွင် ကောလင်း၊ဝန်းသိုနှင့်ပင်လည်ဘူး မြို့နယ်များမှ PDFများ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပြီး PDFဘက်မှ ထိခိုက်မှုမရှိဟု လူထုအား အသိပေးထားသည်။

ထို့အပြင် တိုက်ပွဲကာလအတွင်း ပြည်သူလူထုဘေးကင်းစေရေးအတွက် ပင်လည်ဘူး PDFက အောက်ပါအတ်ိုင်းတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

“မိမိတို့ PDF တွေအနေနဲ့ တိမ်းရှောင်နိုင်ပေမဲ့ ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများ တူးထားကြရန်နှင့် တိုက်ပွဲဖြစ်သော နေရာများနဲ့ ဝေရာသို့ တိမ်းရှောင်ကြရန် တိုက်တွန်းလိုပါတယ်”ဟု တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။