Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၆ လ ပျံသန်းခွင့် ဆိုင်းငံ့ခံထားရတဲ့ အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေ ပုံမှန် စစ်ဆင်ရေးတွေ ပြန်စ

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက မစ်ဇူရီ ပြည်နယ်မှာ ပုံမှန် လေ့ကျင့် ပျံသန်းမှု လုပ်ဆောင်နေချိန် B-2 ဗုံးကြဲလေယာဉ် တစ်စီးဟာ စက်ချွတ်ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ပြေးလမ်းနဲ့ ထိခိုက်မိတာကြောင့် မီးလောင်ပြီး လေယာဉ် အစိတ်အပိုင်း တချို့ ပျက်စီးခဲ့ပါတယ်။

၆ လ ပျံသန်းခွင့် ဆိုင်းငံ့ခံထားရတဲ့ အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေ ပုံမှန် စစ်ဆင်ရေးတွေ ပြန်စ
၆ လ ပျံသန်းခွင့် ဆိုင်းငံ့ခံထားရတဲ့ အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေ ပုံမှန် စစ်ဆင်ရေးတွေ ပြန်စ

၆ လကြာအောင် ပျံသန်းခွင့် ဆိုင်းငံ့ခံထားရတဲ့နောက် အမေရိကန် လေတပ်ရဲ့ နာမည်ကျော် B-2 Spirit ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကြီးတွေဟာ ပုံမှန် စစ်ဆင်ရေး တာဝန်တွေကို ပြန်လည် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက မစ်ဇူရီ ပြည်နယ်မှာ ပုံမှန် လေ့ကျင့် ပျံသန်းမှု လုပ်ဆောင်နေချိန် B-2 ဗုံးကြဲလေယာဉ် တစ်စီးဟာ စက်ချွတ်ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ပြေးလမ်းနဲ့ ထိခိုက်မိတာကြောင့် မီးလောင်ပြီး လေယာဉ် အစိတ်အပိုင်း တချို့ ပျက်စီးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နောက်ပိုင်း အမေရိကန် လေတပ်ဟာ လုံခြုံရေးဆိုင်ရာ ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်ဖို့အတွက် B-2 အားလုံးကို ပျံသန်းခွင့် ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။ မေလ ၂၂ ရက်မှာတော့ B-2တွေ တကျော့ပြန် ပျံသန်းဖို့ ခွင့်ပြုလိုက်ပါတယ်။

B-2တွေဟာ ပြားချပ်ပြီး အမြင်ဆန်းတဲ့ ဒီဇိုင်း တည်ဆောက်မှုကြောင့် လူသိများပါတယ်။ ကမ္ဘာပေါ်မှာတော့ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေဟာ B-2 တစ်မျိုးတည်းသာ ရှိပါတယ်။ အမေရိကန် လေတပ်ဟာ ၁၉၉၇ ခုနှစ်မှာ စတင်တာဝန် ထမ်းဆောင်တဲ့ B-2 စုစုပေါင်း အစီး ၂၀ ကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီ လေယာဉ်တွေဟာ ရန်သူ့ နယ်မြေထဲကို တိတ်တဆိတ် ဝင်ရောက်ပြီး ခရီးရှည် ပျံသန်းနိုင်သလို နျူကလီးယား လက်နက်တွေကိုလည်း ပစ်ခတ်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်မှာတော့ အမေရိကန် လေတပ်ဟာ B-2တွေကို အခြေခံပြီး နည်းပညာပိုင်းမှာ ဘက်ပေါင်းစုံ အဆင့်မြှင့်တင်ထားတဲ့ B-21 Raider ဗုံးကြဲလေယာဉ် အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ B-21တွေဟာ ခေတ်အမီဆုံး ဆဋ္ဌမမျိုးဆက် စာရင်းဝင် ပထမဆုံး လေယာဉ်တွေလို့ အမေရိကန်က ကြွေးကြော်ပြီး B-2တွေ နေရာမှာ ရေရှည် အစားထိုးသွားမယ်လို့ ကြေညာပါတယ်။

B-2တွေဟာ အမေရိကန် စစ်ရေးနည်းပညာ သမိုင်းကြောင်းမှာ အံ့ဩဘနန်း တီထွင်မှုတွေ ဖြစ်ခဲ့ပေမယ့် စရိတ်စက ကြီးမားတာတွေ၊ ပြုပြင်ထိန်းသိမ်းဖို့ ခက်ခဲတာတွေ အပါအဝင် စိန်ခေါ်မှု အများအပြားလည်း ရှိနေတာကြောင့် လေတပ်က အစီးရေ အမြောက်အမြား မှာယူမယ့် အစီအစဉ်ကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။