Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၆ လ ပျံသန်းခွင့် ဆိုင်းငံ့ခံထားရတဲ့ အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေ ပုံမှန် စစ်ဆင်ရေးတွေ ပြန်စ

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက မစ်ဇူရီ ပြည်နယ်မှာ ပုံမှန် လေ့ကျင့် ပျံသန်းမှု လုပ်ဆောင်နေချိန် B-2 ဗုံးကြဲလေယာဉ် တစ်စီးဟာ စက်ချွတ်ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ပြေးလမ်းနဲ့ ထိခိုက်မိတာကြောင့် မီးလောင်ပြီး လေယာဉ် အစိတ်အပိုင်း တချို့ ပျက်စီးခဲ့ပါတယ်။

၆ လ ပျံသန်းခွင့် ဆိုင်းငံ့ခံထားရတဲ့ အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေ ပုံမှန် စစ်ဆင်ရေးတွေ ပြန်စ
၆ လ ပျံသန်းခွင့် ဆိုင်းငံ့ခံထားရတဲ့ အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေ ပုံမှန် စစ်ဆင်ရေးတွေ ပြန်စ

၆ လကြာအောင် ပျံသန်းခွင့် ဆိုင်းငံ့ခံထားရတဲ့နောက် အမေရိကန် လေတပ်ရဲ့ နာမည်ကျော် B-2 Spirit ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကြီးတွေဟာ ပုံမှန် စစ်ဆင်ရေး တာဝန်တွေကို ပြန်လည် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက မစ်ဇူရီ ပြည်နယ်မှာ ပုံမှန် လေ့ကျင့် ပျံသန်းမှု လုပ်ဆောင်နေချိန် B-2 ဗုံးကြဲလေယာဉ် တစ်စီးဟာ စက်ချွတ်ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ပြေးလမ်းနဲ့ ထိခိုက်မိတာကြောင့် မီးလောင်ပြီး လေယာဉ် အစိတ်အပိုင်း တချို့ ပျက်စီးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နောက်ပိုင်း အမေရိကန် လေတပ်ဟာ လုံခြုံရေးဆိုင်ရာ ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်ဖို့အတွက် B-2 အားလုံးကို ပျံသန်းခွင့် ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။ မေလ ၂၂ ရက်မှာတော့ B-2တွေ တကျော့ပြန် ပျံသန်းဖို့ ခွင့်ပြုလိုက်ပါတယ်။

B-2တွေဟာ ပြားချပ်ပြီး အမြင်ဆန်းတဲ့ ဒီဇိုင်း တည်ဆောက်မှုကြောင့် လူသိများပါတယ်။ ကမ္ဘာပေါ်မှာတော့ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေဟာ B-2 တစ်မျိုးတည်းသာ ရှိပါတယ်။ အမေရိကန် လေတပ်ဟာ ၁၉၉၇ ခုနှစ်မှာ စတင်တာဝန် ထမ်းဆောင်တဲ့ B-2 စုစုပေါင်း အစီး ၂၀ ကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီ လေယာဉ်တွေဟာ ရန်သူ့ နယ်မြေထဲကို တိတ်တဆိတ် ဝင်ရောက်ပြီး ခရီးရှည် ပျံသန်းနိုင်သလို နျူကလီးယား လက်နက်တွေကိုလည်း ပစ်ခတ်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်မှာတော့ အမေရိကန် လေတပ်ဟာ B-2တွေကို အခြေခံပြီး နည်းပညာပိုင်းမှာ ဘက်ပေါင်းစုံ အဆင့်မြှင့်တင်ထားတဲ့ B-21 Raider ဗုံးကြဲလေယာဉ် အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ B-21တွေဟာ ခေတ်အမီဆုံး ဆဋ္ဌမမျိုးဆက် စာရင်းဝင် ပထမဆုံး လေယာဉ်တွေလို့ အမေရိကန်က ကြွေးကြော်ပြီး B-2တွေ နေရာမှာ ရေရှည် အစားထိုးသွားမယ်လို့ ကြေညာပါတယ်။

B-2တွေဟာ အမေရိကန် စစ်ရေးနည်းပညာ သမိုင်းကြောင်းမှာ အံ့ဩဘနန်း တီထွင်မှုတွေ ဖြစ်ခဲ့ပေမယ့် စရိတ်စက ကြီးမားတာတွေ၊ ပြုပြင်ထိန်းသိမ်းဖို့ ခက်ခဲတာတွေ အပါအဝင် စိန်ခေါ်မှု အများအပြားလည်း ရှိနေတာကြောင့် လေတပ်က အစီးရေ အမြောက်အမြား မှာယူမယ့် အစီအစဉ်ကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...

နိုင်ငံတကာ

ဟာရီကိန်းမုန်တိုင်း အီဆာယီးယက်စ် ဝင်ရောက် တိုက်ခတ်မှုကြောင့် အမေရိကန်မှာ လူ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက် ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်း အရှေ့ပိုင်းမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုတွေအတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေကြောင်း အမေရိကန်က ဝေဖန် ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်ကိုအားပေး ထောက်ခံနေတယ်ဆိုတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်ခရိုနီ သူဌေးကြီးတစ်ဦးရဲ့သမီးကို အမေရိကန်က ပိတ်ဆို့အရေးယူမှု နာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။