Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ခွင့် ပြုမပြု ဆုံးဖြတ်ပေးဖို့ အမေရိကန်ကို ဥရောပမဟာမိတ်တွေ တောင်းဆို

အမေရိကန် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ယူကရိန်း စစ်ပွဲရဲ့ အခြေအနေမှာ F-16တွေရဲ့ အသုံးဝင်မှုက သိပ်ပြီး ထိရောက်မှာ မဟုတ်သလို ရုရှား လေကြောင်းကာကွယ်ရေး စနစ်တွေကိုလည်း ကျော်လွှားနိုင်မယ့် အလားအလာ မရှိလို့ အဆုံးအရှုံး များနိုင်ကြောင်း သတိပေးထားပါတယ်။

ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ခွင့် ပြုမပြု ဆုံးဖြတ်ပေးဖို့ အမေရိကန်ကို ဥရောပ မဟာမိတ်တွေ တောင်းဆို
ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ခွင့် ပြုမပြု ဆုံးဖြတ်ပေးဖို့ အမေရိကန်ကို ဥရောပ မဟာမိတ်တွေ တောင်းဆို

ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ပေးမပေး တိတိကျကျ ဆုံးဖြတ်ဖို့ အမေရိကန် အစိုးရကို NATO အဖွဲ့ဝင် ဥရောပ နှစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်နဲ့ ဂျာမနီတို့က ဖိအားပေး တောင်းဆိုခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကိုသာ ရရှိခဲ့မယ်ဆိုရင် ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်ရာမှာ ယူကရိန်းအတွက် အားသာချက်တွေ အများကြီး ရရှိလာနိုင်လိမ့်မယ်လို့ ပြောကြားထားပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းရဲ့ တောင်းဆိုချက်ဟာ စစ်ပွဲရဲ့ သဘောသဘာဝနဲ့ ယှဉ်ရင် လက်တွေ့ မကျဘူးလို့ မှတ်ချက် ပေးခဲ့သလို အမေရိကန်ကတော့ ယူကရိန်းဆီ F-16တွေ တိုက်ရိုက် ထောက်ပံ့သွားမှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။

ဒါပေမဲ့ ယူကရိန်းက ဒီကိစ္စကို NATO အဖွဲ့ဝင် နိုင်ငံတွေဆီ လက်မလျှော့စတမ်း တောင်းဆိုနေဆဲ ဖြစ်သလို ဥရောပ နိုင်ငံတွေက ဝယ်ယူထားတဲ့ F-16တွေကို ယူကရိန်းဆီ လွှဲပေးဖို့ကလည်း ဖြစ်နိုင်ခြေ ရှိနေဆဲပါ။ NATO နိုင်ငံတွေထဲက ပိုလန်နဲ့ ဆလိုဗက်ကီးယားတို့ဟာ ယူကရိန်း လေတပ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ ဆိုဗီယက်လုပ် MiG-29 တိုက်လေယာဉ်တွေ ပို့ဆောင်ခဲ့ပေမယ့် F-16တွေကတော့ နည်းပညာပိုင်းမှာ အများကြီး ပိုအဆင့်မြင့်ပါတယ်။

Public Service Announcement

Public Service Announcement

မကြာသေးခင်မှာ ဗြိတိန်နဲ့ နယ်သာလန် ဝန်ကြီးချုပ်တွေက ယူကရိန်းအတွက် F-16တွေ ပံ့ပိုးနိုင်ရေး လက်တွေ့ အထမြောက်နိုင်မယ့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အင်အားစုတစ်ခု ပေါ်ထွန်းလာအောင် ဦးဆောင်သွားမယ်လို့ ကြေညာခဲ့သလို အခုအခါမှာလည်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ပစ္စတိုရီးရက်စ်နဲ့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်တို့က အမေရိကန် အစိုးရကို F-16တွေနဲ့ ပတ်သက်လို့ တိကျတဲ့ ဆုံးဖြတ်ချက် ချသင့်ပြီလို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ကိုယ်တိုင် F-16တွေ ယူကရိန်းဆီ မထောက်ပံ့ချင်ဘူး ဆိုရင်တောင် တခြားနိုင်ငံတွေက ပေးပို့နိုင်ခွင့် ရှိမရှိကို ဆုံးဖြတ်ပေးသင့်တယ်လို့ ကာကွယ်ရေး ဝန်ကြီးနှစ်ဦးက ဆိုပါတယ်။ ဗြိတိန်ရော၊ ဂျာမနီပါ F-16တွေ မပိုင်ကြတဲ့အတွက် ဒီကိစ္စမှာ အရမ်း တက်တက်ကြွကြွ မပါဝင်နိုင်ကြောင်း၊ လေယာဉ်တွေနဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို ယူကရိန်းဆီ တိုက်ရိုက် မထောက်ပံ့ပေးနိုင်ကြောင်း ဝေါလေ့စ်က မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ယူကရိန်း စစ်ပွဲရဲ့ အခြေအနေမှာ F-16တွေရဲ့ အသုံးဝင်မှုက သိပ်ပြီး ထိရောက်မှာ မဟုတ်သလို ရုရှား လေကြောင်းကာကွယ်ရေး စနစ်တွေကိုလည်း ကျော်လွှားနိုင်မယ့် အလားအလာ မရှိလို့ အဆုံးအရှုံး များနိုင်ကြောင်း သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။