Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေညာဖို့ ကုလလုံခြုံရေးကောင်စီကို SAC-Mတိုက်တွန်း

“ကုလသမဂ္ဂလုံခြုံရေးကောင်စီက တပ်မတော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖို့ လုပ်ငန်းစဉ်ကို ချက်ချင်းစတင်လုပ်ဆောင်သင့်ပါပြီ”လို့ SAC-M အဖွဲ့ဝင် Chris Sidoti က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရားမဝင်အာဏာသိမ်းထားတဲ့ စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက သတ်မှတ်ကြေညာဖို့ အထူးအကြံပေးကောင်စီ(SAC-M)က ဒီနေ့ တိုက်တွန်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း နယူးယောက်နဲ့ ဂျီနီဗာတို့မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ညီလာခံ တွေရှိနေချိန်မှာပဲ မြန်မာစစ်တပ်က ပြင်းထန်ဆိုးရွားတဲ့အကြမ်းဖက်တဲ့လုပ်ရပ်တွေကို ကျူးလွန် ခဲ့တယ်လို့ ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်သုံးဦးပါဝင်တဲ့ SAC-Mက ထုတ်ပြန်ပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီက တပ်မတော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖို့ လုပ်ငန်းစဉ်ကို ချက်ချင်းစတင်လုပ်ဆောင်သင့်ပါပြီ”လို့ SAC-M အဖွဲ့ဝင် Chris Sidoti က ပြောပါတယ်။

ယုံကြည်ရတဲ့သတင်းပေးပို့ချက်တွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာအတွင်း ချင်းပြည်နယ်၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ကလေးငယ်တွေအပါအဝင်အရပ်သားတွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ရွာလုံးကျွတ်ညှင်းပမ်းနှိပ်စက်တာ၊ မီးတင်ရှို့တာနဲ့ ဒေသခံတွေကို သတ်ဖြတ်တာစသဖြင့် အများအပြားကျူးလွန်ခဲ့တယ်လို့ SAC-M ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“မင်းအောင်လှိုင်ရဲ့တပ်ဖွဲ့တွေဟာ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ဆိုးယုတ်မှုတွေအတိုင်း အလားတူနည်းစနစ်တွေကို အသုံးပြုနေပါတယ်” လို့ SAC-M အဖွဲ့ ဝင် ယန်ဟီးလီက ပြောပါတယ်။

မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထပ်တလဲလဲပျက်ကွက်မှုတွေကို SAC-M က စိတ်မကောင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

သတင်း

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းလိုက်တဲ့ စစ်ရေးမဟာမိတ်အစုအဖွဲ့သစ်ကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က တိုက်တွန်းလိုက်ပါတယ်။