Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေညာဖို့ ကုလလုံခြုံရေးကောင်စီကို SAC-Mတိုက်တွန်း

“ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တပ်မတော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖို့ လုပ်ငန်းစဉ်ကို ချက်ချင်းစတင်လုပ်ဆောင်သင့်ပါပြီ” လို့ SAC-M အဖွဲ့ဝင် Chris Sidoti က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရားမဝင်အာဏာသိမ်းထားတဲ့ စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက သတ်မှတ်ကြေညာဖို့ အထူးအကြံပေးကောင်စီ(SAC-M)က ဒီနေ့ တိုက်တွန်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း နယူးယောက်နဲ့ ဂျီနီဗာတို့မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ညီလာခံ တွေရှိနေချိန်မှာပဲ မြန်မာစစ်တပ်က ပြင်းထန်ဆိုးရွားတဲ့အကြမ်းဖက်တဲ့လုပ်ရပ်တွေကို ကျူးလွန် ခဲ့တယ်လို့ ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်သုံးဦးပါဝင်တဲ့ SAC-Mက ထုတ်ပြန်ပါတယ်။

“ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တပ်မတော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖို့ လုပ်ငန်းစဉ်ကို ချက်ချင်းစတင်လုပ်ဆောင်သင့်ပါပြီ” လို့ SAC-M အဖွဲ့ဝင် Chris Sidoti က ပြောပါတယ်။

ယုံကြည်ရတဲ့သတင်းပေးပို့ချက်တွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာအတွင်း ချင်းပြည်နယ်၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ကလေးငယ်တွေအပါအဝင်အရပ်သားတွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ရွာလုံးကျွတ်ညှင်းပမ်းနှိပ်စက်တာ၊ မီးတင်ရှို့တာနဲ့ ဒေသခံတွေကို သတ်ဖြတ်တာစသဖြင့် အများအပြားကျူးလွန်ခဲ့တယ်လို့ SAC-M ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“ မင်းအောင်လှိုင်ရဲ့တပ်ဖွဲ့တွေဟာ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ဆိုးယုတ်မှုတွေအတိုင်း အလားတူနည်းစနစ်တွေကို အသုံးပြုနေပါတယ်” လို့ SAC-M အဖွဲ့ ဝင် ယန်ဟီးလီက ပြောပါတယ်။

မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထပ်တလဲလဲပျက်ကွက်မှုတွေကို SAC-M က စိတ်မကောင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခဲ့တဲ့ ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တွေ အပါအဝင် ၁၁ ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်ပြီလို့ တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

သတင်း

ရိုဟင်ဂျာပြည်သူတွေအတွက် တရားမျှတမှု မရမချင်း မြန်မာနိုင်ငံနဲ့ အခြားနေရာတွေမှာလည်း အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုသံသရာ ဆက်ရှိနေလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M) က ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက နောက်ဆုံးချမှတ်လိုက်သော ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က ကြိုဆိုကြောင်း ဇူလိုင် ၇ရက်တွင် ထုတ်ပြန်သည်။

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်းရှိ လက်နက်တွေထုတ်လုပ်တဲ့ လျှို့ဝှက်စက်ရုံတစ်ခုမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်ကို ဝေဟင်ဗုံးတွေ ထုတ်လုပ်နိုင်ဖို့ ကူညီပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က စုံစမ်းဖော်ထုတ်လိုက်ပါတယ်။

Facebook