Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေညာဖို့ ကုလလုံခြုံရေးကောင်စီကို SAC-Mတိုက်တွန်း

“ကုလသမဂ္ဂလုံခြုံရေးကောင်စီက တပ်မတော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖို့ လုပ်ငန်းစဉ်ကို ချက်ချင်းစတင်လုပ်ဆောင်သင့်ပါပြီ”လို့ SAC-M အဖွဲ့ဝင် Chris Sidoti က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရားမဝင်အာဏာသိမ်းထားတဲ့ စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက သတ်မှတ်ကြေညာဖို့ အထူးအကြံပေးကောင်စီ(SAC-M)က ဒီနေ့ တိုက်တွန်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း နယူးယောက်နဲ့ ဂျီနီဗာတို့မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ညီလာခံ တွေရှိနေချိန်မှာပဲ မြန်မာစစ်တပ်က ပြင်းထန်ဆိုးရွားတဲ့အကြမ်းဖက်တဲ့လုပ်ရပ်တွေကို ကျူးလွန် ခဲ့တယ်လို့ ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်သုံးဦးပါဝင်တဲ့ SAC-Mက ထုတ်ပြန်ပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီက တပ်မတော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖို့ လုပ်ငန်းစဉ်ကို ချက်ချင်းစတင်လုပ်ဆောင်သင့်ပါပြီ”လို့ SAC-M အဖွဲ့ဝင် Chris Sidoti က ပြောပါတယ်။

ယုံကြည်ရတဲ့သတင်းပေးပို့ချက်တွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာအတွင်း ချင်းပြည်နယ်၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ကလေးငယ်တွေအပါအဝင်အရပ်သားတွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ရွာလုံးကျွတ်ညှင်းပမ်းနှိပ်စက်တာ၊ မီးတင်ရှို့တာနဲ့ ဒေသခံတွေကို သတ်ဖြတ်တာစသဖြင့် အများအပြားကျူးလွန်ခဲ့တယ်လို့ SAC-M ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“မင်းအောင်လှိုင်ရဲ့တပ်ဖွဲ့တွေဟာ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ဆိုးယုတ်မှုတွေအတိုင်း အလားတူနည်းစနစ်တွေကို အသုံးပြုနေပါတယ်” လို့ SAC-M အဖွဲ့ ဝင် ယန်ဟီးလီက ပြောပါတယ်။

မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထပ်တလဲလဲပျက်ကွက်မှုတွေကို SAC-M က စိတ်မကောင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

သတင်း

သက်သေအထောက်အထားတွေအရ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ သိသိသာသာတိုးမြင့်လာနေတာကို ညွှန်ပြနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

ဆောင်းပါး

UNHCRက အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်နဲ့ ကြံရာပါ အဖွဲ့အစည်းတွေ လက်ချက်ကြောင့် သေဆုံးသူ ဦးရေကလည်း ၃၄၅၂ ဦးထက်မနည်း ရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါသေးတယ်။