ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီး၊ခိုးယူသည်ကို တွေ့ရှိပါက ပစ်သတ်မည်ဟု CDFသတိပေး
ထန်တလန်မြို့တွင်းတစ်နေရာတွင် ယနေ့(စက်တင်ဘာ ၂၇ရက်) နံနက်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပစ်ခတ်မှုဖြစ်ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း ထန်တလန် PDFက ထုတ်ပြန်သည်။ယနေ့နံနက် ၁၀နာရီမှ ၁၁နာရီအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDFဘက်က ထိခိုက်ဒဏ်ရာရရီိမှုမရှိကြောင်းလည်း အသိပေးထားသည်။
မြို့တွင်း ပြည်သူပိုင်အိမ်၊ဆိုင်ပစ္စည်းများ ဖျက်ဆီး၊ ခိုးယူထားသည်ကို တွေ့ရှိပါက တွေ့သည့်နေရာတွင် ပစ်သတ်မည်ဖြစ်ကြောင်း သတိပေးဟု ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီ တပ်မတော်သားများနှင့်ရဲတပ် သားများအနေဖြင့် ပြည်သူဖက်သို့ပူးပေါင်းလိုပါက CDF-Thantlang အနေဖြင့် လိုက်လိုက်လဲလဲကြိုဆိုမည်ဖြစ်ပြီး လုံခြုံသည့်နေရာအထိပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထပ်လောင်း အသိပေးတိုက်တွန်းလိုပါသည်ဟု ပါရှိသည်။

Public Service Announcement


















































