Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့တွင်း၌ တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်​ကောင်စီဘက်မှ ငါးဦးထက်မနည်း​သေ

မြို့တွင်း ပြည်သူပိုင်အိမ်၊ဆိုင်ပစ္စည်းများ ဖျက်ဆီး၊ ခိုးယူထားသည်ကို တွေ့ရှိပါက တွေ့သည့်နေရာတွင် ပစ်သတ်မည်ဖြစ်ကြောင်း သတိပေးဟု ​ဖော်ပြထားသည်။

People's Spring
People's Spring

ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီး၊ခိုးယူသည်ကို တွေ့ရှိပါက ပစ်သတ်မည်ဟု CDFသတိ​ပေး

ထန်တလန်မြို့တွင်းတစ်​နေရာတွင် ယ​နေ့(စက်တင်ဘာ ၂၇ရက်) နံနက်က အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပစ်ခတ်မှုဖြစ်ရာ စစ်​ကောင်စီတပ်မှ ငါးဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိ​ကြောင်း ထန်တလန် PDFက ထုတ်ပြန်သည်။ယ​နေ့နံနက် ၁၀နာရီမှ ၁၁နာရီအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDFဘက်က ထိခိုက်ဒဏ်ရာရရီိမှုမရှိ​ကြောင်းလည်း အသိ​ပေးထားသည်။

မြို့တွင်း ပြည်သူပိုင်အိမ်၊ဆိုင်ပစ္စည်းများ ဖျက်ဆီး၊ ခိုးယူထားသည်ကို တွေ့ရှိပါက တွေ့သည့်နေရာတွင် ပစ်သတ်မည်ဖြစ်ကြောင်း သတိပေးဟု ​ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ တပ်မတော်သားများနှင့်ရဲတပ် သားများအနေဖြင့် ပြည်သူဖက်သို့ပူးပေါင်းလိုပါက CDF-Thantlang အနေဖြင့် လိုက်လိုက်လဲလဲကြိုဆိုမည်ဖြစ်ပြီး လုံခြုံသည့်နေရာအထိပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထပ်လောင်း အသိပေးတိုက်တွန်းလိုပါသည်ဟု ပါရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။