Connect with us

Hi, what are you looking for?

News

ရွှေ​မော်​ဓေါဘုရားအနီးတပ်စွဲထား​သောစစ်​ကောင်စီတပ် မီးကွင်းပစ်ခံရပြီး​နောက် လမ်းသွားလမ်းလာများကို​သေနတ်ဖြင့်ပစ်

“ရွှေဘုန်းမြင့်ဘုန်းကြီးကျောင်းထဲကနေ ပစ်နေတာ။ ဒီကောင်တွေ မူးပြီး ပစ်နေတာ။ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ ကင်းစခန်းကိုမီးကွင်းလာပစ်လို့ပြန်ပစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

People's Spring
People's Spring

ပဲခူးမြို့ ရွှေမော်​ဓေါဘုရားအနီးတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ​နေရာသို့ မီးကွင်းပစ်ခံရပြီးနောက် စစ်သားများက လမ်းသွားလမ်းလာများဘက်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

ရွှေမော်ဓောဘုရားတောင်ဘက်မုဒ်အနီး ဆံတော်တွင်လမ်းရှိဘုန်းမြင့်ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ လူအချို့က ယနေ့(စက်တင်ဘာ ၂၈)ည ၆နာရီ ၄၅မိနစ်တွင် မီးကွင်းပစ်ခဲ့ရာ ကျောင်းဝင်းအတွင်း တပ်စွဲထားသည့်စစ်ကောင်စီ၏ တပ်မ၇၇မှ တပ်ဖွဲ့ဝင်အချို့ လမ်းသွားလမ်းလာများဘက်သို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ရွှေဘုန်းမြင့်ဘုန်းကြီးကျောင်းထဲကနေ ပစ်နေတာ။ ဒီကောင်တွေ မူးပြီး ပစ်နေတာ။ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ ကင်းစခန်းကိုမီးကွင်းလာပစ်လို့ပြန်ပစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

မိနစ်အနည်းငယ်အတွင်း သေနတ်အချက်ပေါင်း ၅ ကျော် ပစ်ခတ်ခဲ့ပြီး ည ၇နာရီခွဲခန့်တွင် တွင်မှရပ်သွားသည်ဟု ​ဒေသခံတို့ကဆိုသည်။ ရမ်းသမ်းပစ်ခတ်မှု​ကြောင့်အရပ်သားထိခိုက်မှု ရှိ၊မရှိကိုမူမသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

News

"ဒဏ်ရာရတာက ကော့ကရိတ်အခြေစိုက်ရစကခ(၁၂)က ဗိုလ်မှူးကြီးကျော်ဆွေမျိုး။ သူ့ကို သယ်သွားတယ်။ အသေးစိတ်တော့ မသိရသေးဘူး"ဟု ဒေသခံတစ်ဦးကပြောသည်။

News

"မိမိတို့ PDF တွေအနေနဲ့ တိမ်းရှောင်နိုင်ပေမဲ့ ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများ တူးထားကြရန်နှင့် တိုက်ပွဲဖြစ်သော နေရာများနဲ့ ဝေရာသို့ တိမ်းရှောင်ကြရန် တိုက်တွန်းလိုပါတယ်"ဟု တိုက်တွန်းထားသည်။

News

ချင်းသတင်းဌာန Chin World ၏ ဖော်ပြချက်အရ မြန်မာ - အိန္ဒိယ နယ်စပ်ရွာတစ်ခုဖြစ်သည့် ဖလမ်းမြို့နယ် Satawm ရွာသူရွာသားများသည် စစ်ဘေးရှောင်ရန် မီဇိုရမ်ပြည်နယ်သို့ တိမ်းရှောင်နေရသည်ဟုဆိုသည်။