Connect with us

Hi, what are you looking for?

News

အာရှလမ်းမ​ကြီး​ပေါ်တိုက်ပွဲ စစ်​ကောင်စီတပ်မှဗိုလ်မှူးကြီး​ကျော်​ဆွေမျိုးဒဏ်ရာရ

“ဒဏ်ရာရတာက ကော့ကရိတ်အခြေစိုက်ရစကခ(၁၂)က ဗိုလ်မှူးကြီးကျော်ဆွေမျိုး။ သူ့ကို သယ်သွားတယ်။ အသေးစိတ်တော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

People's Spring
People's Spring

မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးပေါ် တိုက်ပွဲတွင် ဒီကေဘီအေ(ခွဲထွက်)အဖွဲ့နှင့် အာဏာသိမ်းစစ်​ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး​ကျော်​ဆွေမျိုး ဒဏ်ရာရပြီးစစ်​ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးခဲ့​ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီအရာရှိများလိုက်ပါလာသည့် ယဉ်တန်းကို ဒီကေဘီအေ(ခွဲထွက်)အဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။DKBA ( ခွဲထွက်) အဖွဲ့မှာ ဗိုလ်ချုပ်စော​ကျော်သက် ဦး​ဆောင်​သောအဖွဲ့ဖြစ်သည်။

“ဒဏ်ရာရတာက ကော့ကရိတ်အခြေစိုက်ရစကခ(၁၂)က ဗိုလ်မှူးကြီးကျော်ဆွေမျိုး။ သူ့ကို သယ်သွားတယ်။ အသေးစိတ်တော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ အရာရှိအဆင့် ထိခိုက်ခဲ့ခြင်းဖြစ်၍ တိုက်ပွဲဖြစ်သည့်ပတ်ဝန်း‌ကျင်ကျေးရွာများကို အညိုးထားကာ တိုက်ခိုက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

Public Service Announcement

Public Service Announcement

ယ​နေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး​နောက် ညနေ သုံးနာရီခန့်အထိ စစ်ကောင်စီဘက်က လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook