Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာကျော်လက်ဝတ်ရတနာရောင်းသည့်အွန်လိုင်းလုပ်ငန်း TJCက မြန်မာ့ပတ္တမြားရောင်းချမှုရုတ်သိမ်း

ဝဘ်ဆိုဒ်တွင် ရောင်းချသည့် မြန်မာပတ္တမြားများသည်မှားယွင်းစွာဖော်ပြထားခြင်းဖြစ်ပြီး Burma Campaign UKမှ စာရရှိပြီးနောက် မြန်မာပတ္တမြားများကို ရောင်းချခြင်းမှ ရုပ်သိမ်းခဲ့သည်ဟု ရေးသားခဲ့သည်။

ကမ္ဘာကျော်လက်ဝတ်ရတနာရောင်းသည့်အွန်လိုင်းလုပ်ငန်း TJCက မြန်မာ့ပတ္တမြားရောင်းချမှုရုတ်သိမ်း
ကမ္ဘာကျော်လက်ဝတ်ရတနာရောင်းသည့်အွန်လိုင်းလုပ်ငန်း TJCက မြန်မာ့ပတ္တမြားရောင်းချမှုရုတ်သိမ်း

မြန်မာ့ပတ္တမြားရောင်းချမှုကိုရုတ်သိမ်းကြောင်း ကမ္ဘာကျော် လက်ဝတ်ရတနာရောင်းချသည့်လုပ်ငန်း TJCက ဆုံးဖြတ်လိုက်ကြောင်း Burma Campaign UK က ယနေ့(ဇွန် ၇)ထုတ်ပြန်လိုက်သည်။

TJC(Trust, Joy & Community) သည် ​ဗြိတိန်ရှိ အကြီးမားဆုံး တီဗီစျေးဝယ်ချန်နယ်များနှင့် အွန်လိုင်းလက်ဝတ်ရတနာ လက်လီရောင်းချသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

TJCက Burma Campaign UKကို ပေးပို့သည့်စာတွင် TJCအနေဖြင့် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ စ၍ မြန်မာ့နိုင်ငံမှ ကျောက်မျက်ရတနာများများ ယူဆောင်ရောင်းချခြင်းမပြုရန် မူဝါဒချသည်ဟု ဖော်ပြထားသည်။

ဝဘ်ဆိုဒ်တွင် ရောင်းချသည့် မြန်မာပတ္တမြားများသည်မှားယွင်းစွာဖော်ပြထားခြင်းဖြစ်ပြီး Burma Campaign UKမှ စာရရှိပြီးနောက် မြန်မာပတ္တမြားများကို ရောင်းချခြင်းမှ ရုပ်သိမ်းခဲ့သည်ဟု ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

TJC က “ ၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်၊ အခြေအနေများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ရန်လိုအပ်မှုက အရေးကြီးကြောင်း ကျွန်ုပ်တို့နားလည်ထားတာကြောင့် မြန်မာ့လက်ဝတ်ရတနာပစ္စည်းများအားလုံးကို ရောင်းချတဲ့ပစ္စည်းစာရင်းမှ ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပါတယ်”ဟု TJCကဆိုထားသည်။

မြန်မာ့ပတ္တမြားရောင်းချမှုမှ ရုပ်သိမ်းရန် TJC ၏ ဆုံးဖြတ်ချက်အ​ပေါ် Burma Campaign UK မှ ယနေ့ ကြိုဆိုသည်ဟုလည်း ယနေ့ထုတ်ပြန်လိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

UWSAသည် ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ထောင်ချီကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ဖူးသည်။

သတင်း

မြန်မာဖက်က အကြောင်းကြားထားတဲ့ ၆၁ ဦးဟာ ဗီယက်နမ် နိုင်ငံသားတွေဆိုတာ သေချာကြောင်း စိစစ်ပြီးတဲ့နောက် သံရုံးက သက်ဆိုင်ရာ ဒေသခံ အရာရှိတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြဖို့ အကြံပြုထားကြောင်း၊ သူတို့ကို ဗီယက်နမ်နိုင်ငံ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားပေးနေကြောင်းလည်း ဖန်က သတင်းထောက်တွေကို ပြောပါတယ်။

သတင်း

လူကုန်ကူးမှု ၏ သားကောင်များကို ဘေးကင်းလုံခြုံမှုပေးနိုင်ရန် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူ ပေးသွားမည်ဟုလည်း NUG ကဆိုသည်။

သတင်း

ကုမ္ပဏီများကို အွန်လိုင်းတဆင့်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအမျိုးအစား၊ဒါရိုက်တာများ၊ ကုမ္ပဏီလိပ်စာများနှင့် ကုမ္ပဏီအကြောင်းအရာများ အများပြည်သူကြည့်ရှုနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။