Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနိုင်ငံက အွန်လိုင်း ကာစီနိုတွေမှာ အဓမ္မ ခိုင်းစေခံရသူ နိုင်ငံသား ၆၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဗီယက်နမ်ပြော

မြန်မာဖက်က အကြောင်းကြားထားတဲ့ ၆၁ ဦးဟာ ဗီယက်နမ် နိုင်ငံသားတွေဆိုတာ သေချာကြောင်း စိစစ်ပြီးတဲ့နောက် သံရုံးက သက်ဆိုင်ရာ ဒေသခံ အရာရှိတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြဖို့ အကြံပြုထားကြောင်း၊ သူတို့ကို ဗီယက်နမ်နိုင်ငံ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားပေးနေကြောင်းလည်း ဖန်က သတင်းထောက်တွေကို ပြောပါတယ်။

(ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်။ဓါတ်ပုံ-VNS)
(ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်။ဓါတ်ပုံ-VNS)

မြန်မာနိုင်ငံ အခြေစိုက် အွန်လိုင်းကာစီနို လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံနေရတဲ့ ဗီယက်နမ် နိုင်ငံသား ၆၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဗီယက်နမ် အစိုးရက ကြေညာပါတယ်။

ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဖမ်သူဟန်က မကြာသေးခင်မှာ မြန်မာနိုင်ငံကစစ်​ကောင်စီဟာ အွန်လိုင်း လိမ်လည် လောင်းကစားဝိုင်းတွေနဲ့ ဆက်စပ်တဲ့ နိုင်ငံခြားသား ၂၀၀ ဝန်းကျင်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အဲဒီထဲမှာ ဗီယက်နမ် နိုင်ငံသား ၆၁ ဦးလောက် ပါဝင်တယ် ဆိုတာကို ရန်ကုန် အခြေစိုက် ဗီယက်နမ် သံရုံးကနေတဆင့် ဆက်သွယ် အသိပေးလာတယ်လို့ ​ပြောပါတယ်။

ကျန်တဲ့ နိုင်ငံခြားသား ၁၄၀ ဝန်းကျင်လောက်ဟာ ဘယ်နိုင်ငံတွေကလဲဆိုတာ လောလောဆယ် ကွဲကွဲပြားပြား မသိရသေးပါဘူး။

မြန်မာဖက်က အကြောင်းကြားထားတဲ့ ၆၁ ဦးဟာ ဗီယက်နမ် နိုင်ငံသားတွေဆိုတာ သေချာကြောင်း စိစစ်ပြီးတဲ့နောက် သံရုံးက သက်ဆိုင်ရာ ဒေသခံ အရာရှိတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြဖို့ အကြံပြုထားကြောင်း၊ သူတို့ကို ဗီယက်နမ်နိုင်ငံ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားပေးနေကြောင်းလည်း ဖန်က သတင်းထောက်တွေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ အရှေ့ဖက်ဖျားက တရုတ်၊ ထိုင်းနိုင်ငံတွေနဲ့ ထိစပ်နေပြီး တရားဥပဒေ လက်လှမ်းမီမှု အားနည်းတဲ့ နယ်စပ်တွေမှာ အွန်လိုင်းကနေ လိမ်လည်တဲ့ဂိုဏ်းတွေ၊ အွန်လိုင်း ကာစီနို လုပ်ငန်းတွေ အခြေစိုက်လေ့ရှိပြီး နိုင်ငံခြားသားတွေကို အလုပ်သမားအဖြစ် လှည့်စားခေါ်ယူ ခိုင်းစေတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်နေပါတယ်။ အခု ဗီယက်နမ် ၆၀ ကျော် အပါအဝင် နိုင်ငံခြားသားတွေဟာလည်း ဆန္ဒမပါဘဲ အွန်လိုင်း ကာစီနိုတွေဆီ လှည့်စားခေါ်ယူပြီး အလွန်အကျွံ ခိုင်းစေမှုတွေ ခံနေရတာလို့ ဖန်က ဆိုပါတယ်။ ဒါပေမဲ့ သူတို့ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ ကာစီနိုတွေက မြန်မာနိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းမှာ ရှိနေခဲ့သလဲ ဆိုတာကိုတော့ ဖန်က ထုတ်မပြောပါဘူး။

ဩဂုတ် ၂၉ ရက်မှာ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ တစ်စောင်အရ မြန်မာ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ဒုစရိုက်ဂိုဏ်းတွေက တရားမဝင် အွန်လိုင်းကာစီနိုတွေ၊ အွန်လိုင်းအခြေပြု ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေ ထူထောင်ထားပြီး အဲဒီလုပ်ငန်းတွေမှာ လှည့်စားခေါ်ယူပြီး အဓမ္မ ခိုင်းစေခံနေရသူ သိန်းနဲ့ချီ ရှိတယ်လို့ သိရပါတယ်။

အွန်လိုင်း​လောင်းကစားလုပ်ငန်း​တွေဟာ စစ်​ကောင်စီရယ် ၊စစ်​ကောင်စီလက်​အောက်ခံ ပြည်သူ့စစ်အဖွဲ့​တွေနဲ့ ဆက်စပ်​​နေတာ​ကြောင့် ဒီလုပ်ငန်း​တွေကို တိုက်ဖျက်ဖို့ ၊စစ်အာဏာရှင်ကိုဖြုတ်ချဖို ​မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ ​အောက်တိုဘာ ၂၇ ရက်မှာ စစ်ဆင်​ရေး ၁၀၂၇ အမည်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်​နေကြပြီဖြစ်ပါတယ် ။

ကိုးကား-Asia News Network

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

နိုင်ငံတကာ

လီယောင်ဆိုဟာ ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် တက်ကြွ လှုံ့ဆော်သူ တဦးဖြစ်ပြီး သူက မြောက်ကိုရီးယားကို တခမ်းတနား ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ ကဗျာကို ၂၀၁၆ ခုနှစ်မှာ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဝါဒဖြန့် ဖော်ပြခဲ့ဖူးပါတယ်။

အတွေးအမြင်ဆောင်းပါး

မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ရာ နယ်မြေတစ်ခုလို့ သတ်မှတ်ထားတဲ့ ကိုးကန့်ဒေသမှာ အခြေစိုက်ပြီး ရာဇဝတ် ဂိုဏ်းတွေကို ချုပ်ကိုင်ထားတဲ့ အင်အားကြီး မိသားစု ၅ ခုကို ဖိနှိပ် ဖြိုခွင်းရာမှာ​ အောင်မြင်မှုတွေ ရရှိနေတယ်လို့ တရုတ် မီဒီယာတွေက ဖော်ပြနေကြပါတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေရဲ့...

သတင်း

အဖွဲ့ကထုတ်ပြန်​သောစက္ကန့် ၂၀ ကြာ ရုပ်သံဖိုင်တွင် ​လောင်ကစားရုံဟုယူဆ​ရ​သောအ​ဆောက်အအုံအတွင်းဗုံးတစ်ကြိမ်​ပေါက်ကွဲပြီး လက်နက်ငယ် ၂ ချက်ပစ်ခံသံကိုပါကြားရသည်။