Connect with us

Hi, what are you looking for?

သတင်း

ဖမ်းမိအွန်လိုင်းလိမ်လည်သူတရုတ်နိုင်ငံသား ၇၆၀ကျော်ကို ၀တပ်ဖွဲ့ က တရုတ်ထံလွှဲပြောင်း

UWSAသည် ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ထောင်ချီကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ဖူးသည်။

(အွန်လိုင်းလိမ်လည်သူတရုတ်နိုင်ငံသား ၇၆၀ကျော်ကို ၀တပ်ဖွဲ့ က တရုတ်ထံလွှဲပြောင်းနေစဉ်။ ဓာတ်ပုံ - Wa News Land)
(အွန်လိုင်းလိမ်လည်သူတရုတ်နိုင်ငံသား ၇၆၀ကျော်ကို ၀တပ်ဖွဲ့ က တရုတ်ထံလွှဲပြောင်းနေစဉ်။ ဓာတ်ပုံ - Wa News Land)

သက်ဝေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းဖမ်းမိခဲ့သည့် ကျားဖျန်လုပ်ငန်းလုပ်ကိုင်သူ (အွန်လိုင်းလိမ်လည်လုပ်ငန်းလုပ်ကိုင်သူ) တရုတ်နိုင်ငံသား ၇၆၀ကျော်ကို တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အတည်ပြုသည်။

(အွန်လိုင်းလိမ်လည်သူတရုတ်နိုင်ငံသား ၇၆၀ကျော်ကို ၀တပ်ဖွဲ့ က တရုတ်ထံလွှဲပြောင်းနေစဉ်။ ဓာတ်ပုံ - Wa News Land)
(အွန်လိုင်းလိမ်လည်သူတရုတ်နိုင်ငံသား ၇၆၀ကျော်ကို ၀တပ်ဖွဲ့ က တရုတ်ထံလွှဲပြောင်းနေစဉ်။ ဓာတ်ပုံ – Wa News Land)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ယခုနှစ် ဇူလိုင်တွင် UWSA တပ်ဖွဲ့များ ဝင်ရောက်နေရာယူခဲ့သည့် တန့်ယန်းမြို့နယ်အတွင်း၌ ကျားဖျန်လုပ်ငန်းလုပ်ကိုင်သူ ၁,၀၀၀ ကျော်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၇၆၂ဦးကို နိုဝင်ဘာ ၁၉ရက်တွင် တရုတ်ထံ လွှဲပြောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့”ဝ”အဖွဲ့လုပ်ရှားတဲ့တန့်ယန်းနယ်မှာကျားဖျန် ၁၀၀၀ ကျော်ဖမ်းမိတယ်။ ၇၆၂ ယောက်က တရုတ်ပြည်ကလူပါ။မနေ့က”ဝ” တရုတ်နယ်စပ်ခြားဂိတ်မှာလွဲပြောင်းပေးလိုက်ပါတယ်” ဟု ဦးညီရန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကျားဖျန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးနှင့် အတူ ဂြိုလ်တုအင်တာနက် (starlink) ၇၆ ခု၊ ဖုန်း ၁၅၄၉ လုံး၊ ကွန်ဗျူတာ ၈၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု Wa News Land က ဖော်ပြသည်။

လွှဲပြောင်းမှုကို မိုင်းမောခရိုင် ပန်ဝိုင်မြို့နယ်ရှိ ဒီယုံးဟော့ နယ်ခြားဂိတ်၌ ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

UWSAသည် ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ထောင်ချီကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ယမန်နေ့ (နိုဝင်ဘာ ၃၀ရက်)တွင် ကျောက်မဲမြိုကို လေကြောင်းတိုက်ခိုက်ရာ ဒေသခံ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့ပြီး နေအိမ် ၉လုံး ပျက်စီးခဲ့သည်။

နိုင်ငံတကာ

ရုရှားနဲ့ တရုတ် စစ်လေယာဉ်တွေက လေပိုင်နက် ချဉ်းကပ်ပျံသန်းမှုကြောင့် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး စောင့်ကြည့် စေခဲ့ရတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

တရုတ် စစ်တပ်ရဲ့ ထိပ်တန်း အရာရှိ တစ်ဦးဟာ ရာထူးကနေ ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

သတင်း

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ICCဟာ တရားမျှတမှု ရှိဖို့ လိုအပ်သလို အမြော်အမြင်ရှိရှိ ချင့်ချိန် ဆောင်ရွက်ဖို့ အတွက်လည်း တာဝန်ရှိတယ်လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

Facebook