Connect with us

Hi, what are you looking for?

News

တနိုင်းတွင် KIAနှင့် စစ်ကောင်စီတပ် နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေ

စက်တင်ဘာ၂၈ရက်က မိုးကောင်းမှ တနိုင်းမြို့ဘက်သို့ စစ်လက်နက်အသုံး အဆောင်တင်ဆောင်လာသည့် ကားအစီး၄၀ခန့် တက်လာ၍ တိုက်ပွဲ ဆက်ဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေသည်ဟု ဆိုသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်းတစ်လျှာက်၌ ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့်အာဏာသိမ်းစစ်ကောင်စီတပ်တို့ နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွား​နေသည်။

“နေ့စဉ်နီးပါးတော့ ဖြစ်တာပေါ့။ ဒီဘက်(စစ်ကောင်စီတပ်)က လက်နက်ထောက်ပံ့(စစ်လက်နက်နှင့် လူအင် အားဖြည့်တင်း)တဲ့ဟာတွေက ပွင့်လင်းအချိန်မှာ သူတို့ကို စစ်ဆင်ရေးတွေလုပ်မှာပဲဆိုတဲ့ အနေအထားမျိုးနဲ့ ဖြတ်တောက်တဲ့ အနေအထားဖြစ်မယ်လို့ ထင်ပါတယ်” ဟု ကချင်ဒေသခံတစ်ဦးက KIAက စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေသည့် အခြေအနေကို သုံးသပ်ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေ၍ KIA တပ်မဟာ(၂)၊ တပ်ရင်း (၄၃) နယ်မြေ တိန်ကောက်နှင့် နမ်ဖျက်ကြား တစ်၀ိုက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

စက်တင်ဘာလအတွင်း လီဒိုလမ်းမတစ်လျှောက်မှာ တိုက်ပွဲ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး စက်တင် ဘာ၂၅ရက်ကလည်း Dum Bung ချောင်းနှင့် Sai Ling ချောင်းဆုံ၌ စစ်ကောင်စီတပ်ကို KIAက တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ၂၈ရက်က မိုးကောင်းမှ တနိုင်းမြို့ဘက်သို့ စစ်လက်နက်အသုံး အဆောင်တင်ဆောင်လာသည့် ကားအစီး၄၀ခန့် တက်လာ၍ တိုက်ပွဲ ဆက်ဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေသည်ဟု ဆိုသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း စက်တင်ဘာ ၂၇ရက်က မိုးမောက်မြို့ လမ်းဆုံ၌ KIAက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Kachinnet Burmese ၏ သတင်းဖော်ပြချက်၌ ပါရှိသည်။

မိုးမောက်မြို့တွင် တပ်စွဲနေသည့် ခ.မ.ရ(၄၃၇)မှ အင်အား၁၅ဦးပါဝင်လှုပ်ရှားတပ်ဖွဲ့များကိုလည်း ကျောက်စခန်း၌ KIAက တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်မှ ကချင်ပြည်နယ်ဒေသအနှံ့ စစ်အင် အား၊ လက်နက်ခဲယမ်း၊ ရိက္ခာများ ကုန်လမ်း၊ ရေလမ်း၊ လေကြောင်းများဖြင့် ဖြည့်တင်းနေ၍ တိုက်ပွဲဆက်လက်ဖြစ်ပွား နိုင်ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။