Connect with us

Hi, what are you looking for?

News

စစ်ကောင်စီသတင်းပေးဟု သက်သေခိုင်လုံ ၅ဦးကို ထိန်းသိမ်းထားဟု ကရင်နီရဲတပ်ဖွဲ့ ထုတ်ပြန်

KSP ကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် ရဲဝန်ထမ်း ၃၀၀ ကျော်ဖြင့် ဩဂုတ်လကုန်ပိုင်းက ဖွဲ့စည်းထားခြင်းဖြစ်သည်။

စစ်ကောင်စီသတင်းပေးဟု ယူဆရသူ ၁၀ဦးကို ဖမ်းဆီးစစ်ဆေးရာ သက်သေခိုင်လုံသူ ၅ဦးကို အရေးယူရန် ချုပ်နှောင်ထားကြောင်း ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)က ထုတ်ပြန်သည်။

KSPသည် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ လွန်ခဲ့သည့် ရက်အတွင်း ဒလန်ဟု ထင်ရသူ မသင်္ကာသူ ကျား ၉ဦးနှင့် မ ၁ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့အား စစ်ဆေးမေးမြန်းရာ အမျိုးသား ၄ဦး၊ အမျိုးသမီး ၁ဦး စုစုပေါင်း ၅ဦးမှာ သက်သေအထောက်အထား ပြည့်စုံခိုင်လုံမှုမရှိ၍ သက်ဆိုင်ရာ မိသားစုထံ ကောင်းစွာ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

ကျန်မသင်္ကာသူ ၅ဦးမှ သက်သေအထောက်အထား ခိုင်လုံမှုရှိ၍ ကရင်ပြည်ရဲဌာနမှ ၎င်း တရားခံ ၅ဦးအား ကရင်နီပြည်၏ အချုပ်တွင် ချုပ်နှောင်ထားရှိကြောင်း၊ ၎င်း တရားခံများနှင့်ပတ်သက်၍ ကရင်နီရဲဌာနမှ လိုအပ်သလို ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

KSP ကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် ရဲဝန်ထမ်း ၃၀၀ ကျော်ဖြင့် ဩဂုတ်လကုန်ပိုင်းက ဖွဲ့စည်းထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်သတင်းပေး‌မှုကြောင့် ရဲဘော် ၂ဦး ဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။