Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီသတင်းပေးဟု သက်သေခိုင်လုံ ၅ဦးကို ထိန်းသိမ်းထားဟု ကရင်နီရဲတပ်ဖွဲ့ ထုတ်ပြန်

KSP ကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် ရဲဝန်ထမ်း ၃၀၀ ကျော်ဖြင့် ဩဂုတ်လကုန်ပိုင်းက ဖွဲ့စည်းထားခြင်းဖြစ်သည်။

စစ်ကောင်စီသတင်းပေးဟု ယူဆရသူ ၁၀ဦးကို ဖမ်းဆီးစစ်ဆေးရာ သက်သေခိုင်လုံသူ ၅ဦးကို အရေးယူရန် ချုပ်နှောင်ထားကြောင်း ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)က ထုတ်ပြန်သည်။

KSPသည် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ လွန်ခဲ့သည့် ရက်အတွင်း ဒလန်ဟု ထင်ရသူ မသင်္ကာသူ ကျား ၉ဦးနှင့် မ ၁ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့အား စစ်ဆေးမေးမြန်းရာ အမျိုးသား ၄ဦး၊ အမျိုးသမီး ၁ဦး စုစုပေါင်း ၅ဦးမှာ သက်သေအထောက်အထား ပြည့်စုံခိုင်လုံမှုမရှိ၍ သက်ဆိုင်ရာ မိသားစုထံ ကောင်းစွာ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

ကျန်မသင်္ကာသူ ၅ဦးမှ သက်သေအထောက်အထား ခိုင်လုံမှုရှိ၍ ကရင်ပြည်ရဲဌာနမှ ၎င်း တရားခံ ၅ဦးအား ကရင်နီပြည်၏ အချုပ်တွင် ချုပ်နှောင်ထားရှိကြောင်း၊ ၎င်း တရားခံများနှင့်ပတ်သက်၍ ကရင်နီရဲဌာနမှ လိုအပ်သလို ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

KSP ကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် ရဲဝန်ထမ်း ၃၀၀ ကျော်ဖြင့် ဩဂုတ်လကုန်ပိုင်းက ဖွဲ့စည်းထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။