Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းမြို့နယ်တိုက်ပွဲ စစ်​တပ်​သေဆုံးထိခိုက်မှုများရှိ

ကရင်နီ(ကယား)ပြည်နယ် တွင် တိုက်ပွဲနယ်မြေများ ကျယ်ပြန့်လာပြီး ပြည်သူများကို သတင်းကောင်းပါးရန် ကြိုးပမ်းနေကာ တပ်ပေါင်းစုသဏ္ဍာန်ဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေပြီဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦး သို့ ယမန်နေ့က ပြောသည်။

(KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိပြီး ယ​နေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ဖားဆောင်း PDF တာ ဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မယ်စဲ့ မြို့ရှိစစ်ကောင်စီစခန်း ၃ ခုနှင့်ရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဇွန်လ ၁၅ ရက်က ဖားဆောင်းမြို့နယ်အတွင်း အင်အားတိုးထားပြီး စစ်ကြောင်းထိုးလှုပ်ရှားလာပြီးနောက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

“သူတို့(စစ်ကောင်စီ)ဘက်က အင်အား ၁၂၀ လောက်နဲ့ စစ်ကြောင်းစထိုးလာတယ်။တိုက်ပွဲ ဖြစ်တဲ့နေရာအသေးစိတ်တော့ စစ်ရေးအရ အသိမပေးလိုသေးဘူး။စကစ ဘက်က ထိခိုက်နဲ့ အသေရှိတယ်။ ဒါပေမယ်အခုထိ(ဇွန် ၁၈ ရက် နံနက်ပိုင်းအထိ) ပြောက် ကျားထိတွေ့မှုတွေ ဖြစ်နေတုန်း”ဟု အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီက ဘောလခဲမြို့မှ ၎င်း၏အင်အားများ အပြင် ဒီးမော့ဆို အရှေ့ခြမ်းသို့ပို့ထားသော အင်အားတချို့တဝက်ကိုပါ ဖားဆောင်းသို့ ဖြည့်တင်းထားကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဖားဆောင်းမြို့ထဲမှာ တိုက်ပွဲ မရှိသေးဘူး။ဖားဆောင်း နဲ့ မယ်စဲ့ ကြား သံလွင်မြစ် အရှေ့ဘက်ခြမ်း မှာ ဖြစ်နေတာ”ဟုအထက်ပါစစ်​ရေးသတင်းရင်းမြစ်က ပြောသည်။

ကရင်နီ(ကယား)ပြည်နယ် တွင် တိုက်ပွဲနယ်မြေများ ကျယ်ပြန့်လာပြီး ပြည်သူများကို သတင်းကောင်းပါးရန် ကြိုးပမ်းနေကာ တပ်ပေါင်းစုသဏ္ဍာန်ဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေပြီဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦး သို့ ယမန်နေ့က ပြောသည်။

ဇွန် ၁၃ ရက်က ကရင်နီပူးပေါင်းတပ်၏ မယ်စဲ့မြို့ ရှိ စစ်စခန်း ၃ ခုနှင့် ရဲစခန်း တိုက်ခိုက်မှုတွင် မယ်စဲ့ရဲစခန်းတစ်ခုတည်း၌ပင် သေနတ် အလက် ၄၀ ကျော်ရရှိပြီး တောင်လှစစ်ကောင်စီစခန်း(B-14 စခန်း) မှ ၁၂၀ မမ ကဲ့သို့ လက်နက်ကြီ နှစ်လက်အပါအဝင်လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း ကရင်နီ စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။