Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတဝန်းရှိ PDFများ တက်ရောက်သည့် အရာရှိသင်တန်းဆင်းပွဲ ယာယီသမ္မတ တက်ရောက်

သင်တန်းဆင်းပွဲကျင်းပသည့် နေ့ရက်နှင့် နေရာဒေသကို ဖော်ပြမထားသော်လည်း လွတ်မြောက်နယ်မြေ တစ်နေရာ၌ ကျင်းပခဲ့ကြောင်း အသိပေးထားပြီး ယာယီသမ္မတ တက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြသည်။

(PDFများ တက်ရောက်သည့် အရာရှိသင်တန်းဆင်းပွဲ ယာယီသမ္မတ တက်ရောက်နေစဉ်)
(PDFများ တက်ရောက်သည့် အရာရှိသင်တန်းဆင်းပွဲ ယာယီသမ္မတ တက်ရောက်နေစဉ်)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အရာရှိ သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ တက်ရောက်အားပေးခဲ့ကြောင်း ယာယီသမ္မတက ယနေ့ ထုတ်ပြန်သည်။

သင်တန်းဆင်းပွဲကျင်းပသည့် နေ့ရက်နှင့် နေရာဒေသကို ဖော်ပြမထားသော်လည်း လွတ်မြောက်နယ်မြေ တစ်နေရာ၌ ကျင်းပခဲ့ကြောင်း အသိပေးထားပြီး ယာယီသမ္မတ တက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြသည်။

လွတ်မြောက်နယ်မြေ တစ်နေရာ၌ ကျင်းပခဲ့သည့် အဆိုပါ သင်တန်းသို့ နိုင်ငံတဝန်းရှိ ပြည်သူ့ကာကွယ်ရေးသင်တန်းသားများ ပါဝင်တက်ရောက်ခဲ့‌ကြောင်း အသိပေးထုတ်ပြန်သည်။

ဇွန်လ ၁၈ရက်ကလည်း ယာယီသမ္မတသည် ပြည်သူကာကွယ်ရေးတပ်မတော် ယူနီဖောင်းဝတ်ဆင်ပြီး PDF များနှင့်တွေ့ဆုံခဲ့သည့် ဓာတ်ပုံမှတ်တမ်းကို ယာယီသမ္မတ Facebook တွင် ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

“အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာတိုင်းရင်းသားလက်နက်ကိုင်များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ခေါင်းဆောင်များ၊ Generation-Z စတဲ့ အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ မြန်မာနိုင်ငံတော်အသစ် တည်ဆောက်ရေးလုပ်ငန်းကို ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ယာယီသမ္မတက ဇွန်လ ၁၈ရက်တွင် ပြည်သူများထံသို့ သတင်းစကားပါးခဲ့သည်။

ယာယီသမ္မတအပါအဝင် အမျိုးသားညီညွတ်ရေး အစိုးရအစိုးရ အဖွဲ့ဝင်များသည် ယခင်ကလည်း PDF စခန်းများနှင့် ရှေ့တန်းစစ်မြေပြင်နေရာများသို့ သွားရောက်ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ အသိပေးထားသည်။ ထို့ပြင် ယာယီသမ္မတသည် မကြာသေးမီကလည်း လွတ်မြောက်နယ်မြေ တစ်နေရာရှိ မုန်တိုင်းသင့် ပြည်သူများအား သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ