Connect with us

Hi, what are you looking for?

သတင်း

ထန်းတပင် လှည်းလမ်းကူးရွာတိုက်ပွဲတွင် စစ်တပ်ထိခိုက်သေဆုံးများပြီး လေကြောင်းပစ်ကူပေးရ

လှည်းလမ်းကူးကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် အင်အား ၅၀ ကျော်တွင် ထိခိုက်သေဆုံးနှင့် လေကြောင်းပစ်ကူဖြင့် ကယ်ထုတ်သွားသူများလည်းရှိရာ PDF ပူးပေါင်းတပ်များ၏ လိုက် လံပစ်ခတ်မှုကြောင့် တပ်ဆုတ်သွားချိန်တွင် အင် အား ၃၀ ဝန်းကျင်သာရှိတော့ကြောင်း စုံစမ်းသိရသည်။

(နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ လှည်းလမ်းကူးရွာအနီးဝန်းကျင်အား တွေ့ရစဥ်)
(နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ လှည်းလမ်းကူးရွာအနီးဝန်းကျင်အား တွေ့ရစဥ်)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေး ရွာသို့ သေနတ်ပစ်ဖောက်ဝင်ရောက်၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ၁၂ နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသခွဲ(၂) အထူးစစ်ဆင်ရေးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် ၆ ရက်နေ့နံနက် ၄ နာရီခန့်တွင် လှည်းလမ်းကူးကျေးရွာသို့ အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KNLA၊ တောင်ပိုင်းစစ်ဒေသခွဲ(၂)အထူးစစ်ဆင်ရေးတပ်ဖွဲ့ ရိုးမစစ်ကြောင်း (၂)မှ တပ်ခွဲ(၁)၊ တပ်ခွဲ(၃)စသည့်ပူးပေါင်းတပ်များမှ ယင်းနေ့ညနေ ၄ နာရီအထိ တစ်နေကုန်နီးပါး တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရန်သူ့တပ်က ကမ်းရိုးတန်းတပ် ဖြစ်ပါတယ်။ ကျွန် တော်တို့အမြင်ကတော့ သူတို့တွေက အထူးတပ်ဖွဲ့လို့မြင်မိတယ်။ ဝတ်စုံက အနက်ရောင်၊ အပေါ်အောက်နဲ့ ဒူးကာ၊ လက်ကာတွေပါဝတ်ဆင်ထားတယ်။ အင်အား ၅၀ ခန့်နဲ့ဝင်တာပါ”ဟု တောင်ပိုင်း စစ်ဒေသ(၂) အထူးစစ်ဆင်ရေးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် ယင်းနေ့နံနက် ၈ နာရီမှ ၁၁ နာရီအထိ PDF ပူးပေါင်းတပ်များဘက်မှ ဒရုန်းအဖွဲ့မှ ဒရုန်းဖြင့်ဝေဟင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များ ဝင်ရောက်ခြေကုပ်ယူထားသည့် လှည်းလမ်းကူးဆေးရုံနှင့် အနီးပါတ်ဝန်းကျင်အိမ်များကို မြေပြင်မှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ကောင်စီတပ်ဘက်မှ အထိနာကာ နံနက် ၁၁ နာရီ ၁၀ မိနစ်မှစ၍ ၁၁ နာရီ ၅၅ မိနစ်အထိ Mi-35 ရဟတ်ယာဉ်တစ်စီးဖြင့် ၁၂ ကြိမ်တိတိလှည့်ပတ်လာရောက်ပစ်ကူပေးခဲ့ပြီး သေဆုံးနှင့်ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ဆွဲထုတ်သွားကာ ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ရင်းက အသိပေးသည်။

အလားတူ ယင်းနေ့(ဇူလိုင် ၆)နေ့လယ် ၁ နာရီ ၅၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး Mi-35 ရဟတ် ယာဉ်ဖြင့် ၇ ကြိမ်လာရောက်ပစ်ခတ်ခဲ့ကာ ၎င်းတို့တပ်ဖွဲ့များကို ကယ်ထုတ်ရန်ကြိုးစားခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ရင်းက ဆိုသည်။

“အထိအကျအဆုံးကတော့ ရန်သူဘက်မှ သေဆုံးမှုနဲ့ ထိခိုက်မှု အရမ်းများတာကြောင့် လေယဥ်နဲ့ ဒုတိယအကြိမ် ပစ်ကူကာပစ်ပေးပြီး သူတို့ပြန်ဆုတ်သွားကြရပါတယ်။ (သေဆုံး) ၂၅ ပတ်ဝန်းကျင်လောက်တော့ရှိမယ်။ အတိအကျ မသိရသေးပါဘူး”ဟု အထက်ပါ အထူးစစ်ဆင်ရေးတပ်ရင်းမှ တာဝန်ရှိသူက ရှင်းပြ သည်။

အဆိုပါလှည်းလမ်းကူးတိုက်ပွဲတွင် PDF ပူးပေါင်းအဖွဲ့မှ ရဲဘော်နန်းဝေဦး(၃၇နှစ်)(ရိုးမစစ်ကြောင်း(၂) ခွဲ(၃) သေနတ်ထိမှန်ဒဏ်ရာဖြင့် ကျဆုံးခဲ့ရပြီး ကာကင်းရဲဘော်တစ်ဦး(မစိုးရိမ်ရ)၊ KNLA ဒုစုမှူးတစ်ဦး(မစိုးရိမ်ရ)၊ ရဲဘော်တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ(၂) အထူးစစ်ဆင်ရေးတပ်ရင်းက အသိပေးသည်။

လှည်းလမ်းကူးကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် အင်အား ၅၀ ကျော်တွင် ထိခိုက်သေဆုံးနှင့် လေကြောင်းပစ်ကူဖြင့် ကယ်ထုတ်သွားသူများလည်းရှိရာ PDF ပူးပေါင်းတပ်များ၏ လိုက် လံပစ်ခတ်မှုကြောင့် တပ်ဆုတ်သွားချိန်တွင် အင် အား ၃၀ ဝန်းကျင်သာရှိတော့ကြောင်း စုံစမ်းသိရသည်။

ထန်းတပင်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ လှည်းလမ်းကူးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နိုင်သည်ဟု သတင်းရသောကြောင့် ကျေးရွာနေပြည်သူများအား PDF ပူးပေါင်းတပ်များက ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းစေခဲ့သောကြောင့်စစ်တပ်၏လေကြောင်းပစ်ခတ်မှုတွင် ပြည်သူထိခိုက်မှုမရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။